နမ္မတူမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေးအဆင်ပြေစေရန် လမ်းတိုးချဲ့ပြုပြင်
နမ္မတူ၊ အောက်တိုဘာ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူမြို့ရှိ မီးပွိုင့်လမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် အများပြည်သူ၏ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းအကျယ်နှင့် လမ်းအရှည် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ (၃၀) ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မီးပွိုင့်လမ်းဆုံ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းတွင် လမ်းမြေနေရာများ ပြန်လည်မြေညှိခြင်း၊ လမ်းတစ်ဖက်ကို အရှည် ပေ (၂၀၀) အထိ တိုးချဲ့ခြင်းနှင့် လမ်းအကျယ်ကို (၂၅) ပေမှ (၂၉) ပေအထိ ချဲ့ထွင်ခြင်း၊ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။

ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လမ်းဆုံအတွင်း ယာဉ်အသွားအလာ ပိုမိုချောမွေ့လာစေပြီး အများပြည်သူ၏ နေ့စဉ်သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုအဆင်ပြေလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒေသတွင်း လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်လာမည်ဖြစ်သည်။



အလားတူ စက်တင်ဘာ (၂၅) ရက်တွင်လည်း နမ္မတူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက် (၉) အတွင်း ယိုယွင်းပျက်စီးနေသော လမ်းများကို ကတ္တရာလမ်းသစ်များအဖြစ် ပြန်လည်ခင်းခြင်းနှင့် လမ်းဘေးဝဲယာရှိ ရေမြောင်းများကို စနစ်တကျဖြစ်စေရန် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ