2214

တအာင်းပြည်ပညာရေးအကယ်ဒမီ - TEA အတွင် အပတ်စဥ် (၁)​ PGDTEd-Us နှင့် အပတ်စဥ် (၃) DTED ကျောင်းသူ/သားများ၏ စာမေးပွဲစစ်ဆေးမှု ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
07 October 2026

တအာင်းပြည်ပညာရေးအကယ်ဒမီ - TEA အတွင် အပတ်စဥ် (၁)​ PGDTEd-Us နှင့် အပတ်စဥ် (၃) DTED ကျောင်းသူ/သားများ၏ စာမေးပွဲစစ်ဆေးမှု ကျင်းပပြီးစီး 


နမ့်ဆန်၊ အောက်တိုဘာ ၇ ရက် 

တအာင်းပြည်သတင်း 


တအာင်းပြည်ပညာရေးကောင်စီ - TLEC မှ ဦးဆောင်ဖွင့်လှစ်သည့် တအာင်းပညာရေးအကယ်ဒမီ - TEA တွင် ပညာသင်ယူလျက်ရှိသော အပတ်စဥ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း)​PEDTEd-Us နှင့် အပတ်စဥ် (၃) ဆရာအတတ်ပညာဒီပလိုမာ - DTED ကျောင်းသူ/သားများ၏ စာမေးပွဲစစ်ဆေးမှုများကို စက်တင်ဘာလ (၂၄ )ရက်မှ အောက်တိုဘာ (၃) ရက်အထိ ကျင်းပပြီးစီးခဲ့သည်။ 




အဆိုပါ စာမေးပွဲစစ်ဆေးမှုများတွင် အပတ်စဥ် (၁) PEDTEd-Us မှ ကျောင်းသူ/သားများက သင်တန်း ပြီးဆုံးစာမေးပွဲကို ဖြေဆိုခဲ့ခြင်းဖြစ်ပြီး အပတ်စဥ် (၃) DTED မှ ကျောင်းသူ/သားများက ပထမစာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။​




အပတ်စဥ် (၁) PEDTEd-Us ကျောင်းသူ/သားများသည် မကြာခင် သက်ဆိုင်ရာဒီပလိုမာဘွဲ့ ပေးအပ်သွားမည်ဖြစ်ပြီး TLEC မှဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် အထက်တန်းပြ ဆရာ/ဆရာမများ အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် အပတ်စဥ် (၃) DTED ကျောင်းသူ/သားများသည်လည်း သင်ကြားရေးအတွေ့အကြုံရရှိစေရန် လေ့လာသင်ယူခဲ့ရသည့် သီအိုရီများကို အဆိုပါကျောင်းများတွင် တစ်လကြာ လက်တွေ့ သင်ကြားပို့ချပေးရမည်ဖြစ်သည်။​




အဆိုပါကျောင်းကို တအာင်းပြည်ပညာရေးကောင်စီ - TLEC မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသော ဆရာ/မများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။​


အပတ်စဥ် (၄) ဆရာအတတ်ပညာဒီပလိုမာသင်တန်း - DTED ဖွင့်လှစ်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် သြဂုတ်လ (၂၁) နေ့တွင် ကျင်းပခဲ့ပြီး လက်ရှိတွင်  တအာင်းပညာရေးအကယ်ဒမီ - TEA ၌ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည်။​


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ပညာရေးအကယ်ဒမီ - TEA အတွင် အပတ်စဥ် (၁)​ PGDTEd-Us နှင့် အပတ်စဥ် (၃) DTED ကျောင်းသူ/သားများ၏ စာမေးပွဲစစ်ဆေးမှု ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်