2198

နမ့်ဆန်မြို့တွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသမီး (၁) ဦးသေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 October 2026

နမ့်ဆန်မြို့တွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသမီး (၁) ဦးသေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

နမ့်ဆန်၊ အောက်တိုဘာ ၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့အဝင် ပန်စပိန်လမ်းတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။




ဖြစ်စဉ်တွင် အောက်တိုဘာလ (၂) ရက်နေ့ နေ့လယ် (၁၂း၃၀) နာရီအချိန်၌ မန္တလေးမြို့မှ နမ့်ဆန်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် နမ့်ဆန်မြို့အဝင် လက်ဖက်စက်ရုံအောက်ရှိ ပန်စပိန်လမ်း ကုန်းအတက်နေရာသို့ ရောက်ရှိစဉ် ၎င်းကုန်းကို မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကျသွားခဲ့ပြီး လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။




အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် (၉) ဦးအနက် အသက် (၅၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နောက်စေ့ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့သည် လက်နှင့်မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။


ထို့အခင်းဖြစ်ပွားရာနေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၂၀) ရက်နေ့လည်း မိုင်းလုံမြို့နယ်၊ လွယ်ခမ်းကျေးရွာအနီးတွင် မန္တလေးသို့ တက်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသမီး (၁) ဦးသေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်