2191

တအာင်းပြည် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲ အပတ်စဉ် (၁) အခမ်းအနားကျင်းပပြီးစီး

ဒေသတွင်းသတင်း
30 September 2026

တအာင်းပြည် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲ အပတ်စဉ် (၁) အခမ်းအနားကျင်းပပြီးစီး

 

နမ့်ဆန်၊ စက်တင်ဘာ ၃၀ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ္မတူမြို့တွင် တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဘုန်းကျော်က တက်‌ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိအသီးအသီးများလည်း အမှာစကားပြောကြားခဲ့ပါသည်။ ထို့အပြင် သင်တန်းကာလအတွင်း ထူးချွန်စွာ သင်ယူခဲ့ကြသည့် သင်တန်းသူ/သားများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။


၎င်းသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ (၁၀) ဦး၊ သင်တန်းသား (၁၇) ဦး စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလအတွင်း တအာင်းရုံးသုံးစာ၊ Computer နှင့် Project & Office Management၊ စာရင်းအင်းအတတ်ပညာ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် လုပ်ငန်းခွင်တွင် အထောက်အကူပြုမည့် အရေးပါသော ဘာသာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။


ထိုအခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဘုန်းကျော်၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး မိုးဟိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူ/သားများအပါအဝင် စုစုပေါင်း လူဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။

 

သင်တန်းဆင်းပြီးသူများသည် သင်တန်းကာလအတွင်း လေ့လာဆည်းပူးခဲ့ကြသည့် ဘာသာရပ်ဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများကို အခြေခံ၍ ရုံးလုပ်ငန်းများကို ပိုမိုစနစ်တကျ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာ ပေးအပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး တအာင်းပြည်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနများတွင် အသီးသီး တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲ အပတ်စဉ် (၁) အခမ်းအနားကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်