PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ စက်တင်ဘာလအတွင်း ကျေးရွာပေါင်း (၃၁) ရွာကို ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့
နမ့်ဆန်၊ စက်တင်ဘာ ၂၉ ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း တအာင်းပြည်အတွင်း မြို့နယ် (၉) မြို့နယ်ရှိ ကျေးရွာပေါင်း (၃၁) ရွာမှ ပြည်သူလူထု စုစုပေါင်း (၉၅၄) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာ (၇) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊ နမ့်ဖက်ကာမြို့နယ်ရှိ ကျေးရွာ (၁)၊ ကွက်ခိုင်မြို့နယ်ရှိ ကျေးရွာ (၁) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၄) ရွာနှင့် မိုးမိတ်မြို့နယ်ရှိ ကျေးရွာ (၂) ရွာတို့ ဖြစ်ကြသည်။
ယင်းမြို့နယ်ရှိ ပြည်သူလူထုများ စုစုပေါင်း (၉၅၄) ဦးအား အမျိုးသမီးစောစီးစွာအိမ်ထောင်ပြုခြင်း၊ ရင်သားကင်ဆာ၊ အမျိုးသမီးနှင့် ပညာရေး၊ ကလေးလူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ Online "ကျားဖြန့်"၊ လိင်ပိုင်ဆိုရာ ပညာပေ၊ အိမ်တွင်းအကြမ်းဖက်မှု၊ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးနှင့် စီးပွားရေးဆိုင်ရာအကြောင်းအရာများကို ၎င်းဌာနမှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။

PSLF/TNLA ၏ အမျိုးသမီးဖွင့်ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချနိုင်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေးစည်းရုံးရေး၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးဆိုင်ရာအစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းလည်း နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာ (၇) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၆) ရွာ၊ မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၄) ရွာနှင့် မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၂) ရွာတို့မှ ပြည်သူလူထု စုစုပေါင်း (၁,၄၇၇) ဦးအား အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
Website Official
Telegram Official Channel
Telegram Link – Ta’ang TV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ