2176

နမ္မတူနှင့် မန်တုံမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ရေမြောင်းများ၊ လမ်းများ၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
23 September 2026

နမ္မတူနှင့် မန်တုံမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ရေမြောင်းများ၊ လမ်းများ၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့

မန်တုံ၊ စက်တင်ဘာ ၂၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့နယ်တွင်  သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ ပြည်သူထုများနှင့်အတူ ရေမြောင်းများ ရှင်းလင်းခြင်း၊ လမ်းများ ပြုပြင်ခြင်း၊ ခြံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။




နမ္မတူနယ်၊ ပန်လုံနှင့် လေလုကျေးရွာကြား လမ်းမကြီးတစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာမှုကြောင့်  လမ်းမကြီးပေါ်၌ မြေပြိုမှု ဖြစ်ပွားခဲ့သည်။ ထို့မြေပြိုမှုကြောင့် ပြည်သူလူထုများ ခရီးသွားရန်တွင် အဆင်မပြေမှုများ ကြုံတွေ့ရင်ဆိုင်နေရသောကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့၌ မြို့နယ်တာဝန်ရှိများမှ  ဦးဆောင်၍ စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ  လုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက်နေ့လည်း နမ္မတူမြို့နယ်၊ နားဆိုင်းနှင့် ခါးရိုးကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် လမ်းပြုပြင်ပေးခြင်း၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေမြောင်းအတွင်း ရေစီးကြောင်းများ ပိတ်ဆို့မှု မရှိစေရန်အတွက် တူးဖော်ရှင်းလင်းခဲ့ပါသည်။




အလားတူ မန်တုံမြို့နယ်၊ ဟဲလင်းကျေးရွာအတွင်း သာယာလှပသန့်ရှင်းစေရန်အတွက် လမ်းပေါ်တွင် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပျက်စီးနေသော လမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး  စုစုပေါင်း လူဦးရေ (၁၅၀) ဦးကျော်  ဝိုင်းဝန်းရှင်းခဲ့ပါသည်။




ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ မိုင်းဝီးမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၄) အတွင်းရှိ လမ်းများနှင့် လမ်းမကြီးတစ်လျှောက်တွင် ခြုံပင်၊ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေးမြောင်းအတွင်း  ရေးစီးကြောင်းများ ပိတ်ဆို့မှု မရှိစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းပြီး တူးဖော်ရှင်းလင်းခဲ့ပါသည်။

Website Official
www.taangland.org



Telegram Official Channel
https://t.me/pslftnlanews



Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV



YouTube Official
https://www.youtube.com/@pslftnlanews



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူနှင့် မန်တုံမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ရေမြောင်းများ၊ လမ်းများ၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်