2175

တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူခြင်းဆိုင်ရာ အပတ်စဉ် (၂) လျှောက်လွှာပိတ်ရန် (၇) ရက်သာကျန်ရှိတော့ကြောင်း အသိပေးထုတ်ပြန်

ဒေသတွင်းသတင်း / ဒေသတွင်း
23 September 2026

တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူခြင်းဆိုင်ရာ အပတ်စဉ် (၂) လျှောက်လွှာပိတ်ရန် (၇) ရက်သာကျန်ရှိတော့ကြောင်း အသိပေးထုတ်ပြန်


နမ့်ဆန်၊ စက်တင်ဘာ ၂၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန-IDTL တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူခြင်းဆိုင်ရာ အပတ်စဉ် (၂) လျှောက်လွှာများကို လာမည့် စက်တင်ဘာလ (၃၀) ရက်နေ့၌ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်သဖြင့် လျှောက်လွှာပိတ်ရန် (၇) ရက်နေ့သာကျန်ရှိတော့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ထားပါသည်။


အဆိုပါလျှောက်လွှာများ ပိတ်သိမ်းရန် (၇) ရက်သာကျန်ရှိသည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် သတ်မှတ်ရက်အတွင်း အချိန်မီ လျှောက်ထားနိုင်ရန် အသိပေးအပ်ပါသည်။ ထိုနောက် လျှောက်လွှာတင်သွင်းထားသူများကို အောက်တိုဘာလ (၁၀) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း လူတွေ့စစ်ဆေးခြင်း (Interview) များ ပြုလုပ်သွားမည်ဖြစ်သည်။


လျှောက်လိုသူများသည် မိမိနေထိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး၊ တအာင်းပြည် လူဝင်မှု

ကြီးကြပ်ရေးရုံးချုပ် (သို့မဟုတ်) Facebook Messenger မှတစ်ဆင့် အဆင်ပြေသည့် နည်းလမ်းဖြင့် စုံစမ်းလျှောက်ထားနိုင်သည်။ လျှောက်လွှာဖြည့်စွက်ပြီးသူများအနေဖြင့် မိမိတို့၏ လျှောက်လွှာဖိုင် (Application files) များကို နီးစပ်ရာ မြို့နယ်ရုံးသို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။


ယင်းအပြင် လျှောက်လိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များ ထပ်မံစုံစမ်းလိုပါက ဖုန်း/Viber နံပါတ်- ၀၉ ၆၆၇ ၇၅၇ ၁၀၂ ၊ Telegram- ၀၉ ၄၂၅ ၄၆၄ ၁၇၁ နှင့် အီးမေးလ်[email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါသည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူခြင်းဆိုင်ရာ အပတ်စဉ် (၂) လျှောက်လွှာပိတ်ရန် (၇) ရက်သာကျန်ရှိတော့ကြောင်း အသိပေးထုတ်ပြန်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်