2157

နမ့်ခမ်းမြို့တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ မြို့အတွင်းရှိ ဆေးဆိုင်များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
16 September 2026

နမ့်ခမ်းမြို့တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ မြို့အတွင်းရှိ ဆေးဆိုင်များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့


နမ့်ခမ်း၊ စက်တင်ဘာ ၁၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းမြို့အတွင်း ဆေးဝါးရောင်းချမှုများ စနစ်တကျရှိစေရန်နှင့် ပြည်သူများ ဘေးကင်းစိတ်ချရသော ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ စက်တင်ဘာလ (၁၅) ရက်နေ့၌ ဆေးဆိုင်များကို ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။


အဆိုပါစစ်ဆေးမှုအတွင်း ဆေးဆိုင်များ၏ လက်လီ/လက်ကား ရောင်းချခွင့်လိုင်စင်များ၊ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု၊ ဆေးဝါးများကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျ သိုလှောင်ထိန်းသိမ်းထားမှု၊ စပ်ဆေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုရှိမရှိ အဓိကထား စစ်ဆေးခဲ့သည်။


ထို့အပြင် ဆေးဝါးရောင်းချသူများအနေဖြင့် သတ်မှတ်လိုင်စင်များကို စနစ်တကျ လျှောက်ထားရယူရန်၊ ဆေးဝါးများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သိုလှောင်ထိန်းသိမ်းရန်နှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ စည်းကမ်းတကျ ရောင်းချရန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းအသိပေးခဲ့သည်။


ထို့အပြင် ဆေးဝါးအရောင်းဆိုင်အချို့၌ စပ်ဆေးနှင့် သက်တမ်းလွန်ဆေးဝါးများ တွေ့ရှိခဲ့သဖြင့် ယင်းဆေးဝါးများကို ဆက်လက်ဖြန့်ဖြူးရောင်းချခြင်း မပြုရန် လိုအပ်သည့် စီမံဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းနောက် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရန်နှင့် အလားတူဆေးဝါးများကို ထပ်မံမဖြန့်ဖြူးရန် ဝန်ခံကတိလက်မှတ် ရေးထိုးစေခဲ့ပြီး စည်းကမ်းဖောက်ဖျက်မှုများ ထပ်မံတွေ့ရှိပါက သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့သည်။


အန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန်ဆေးဝါးများ ပြည်သူများထံ ရောင်းချမှုမရှိစေရေးနှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကို ပြည်သူများ စိတ်ချဘေးကင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နမ့်ခမ်းမြို့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ မြို့အတွင်းရှိ ဆေးဆိုင်များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်