2149

နမ့်ခမ်းမြို့တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ဌာနဆိုင်ရာများမှ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
14 September 2026

နမ့်ခမ်းမြို့တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ဌာနဆိုင်ရာများမှ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုပြုလုပ်ခဲ့

နမ့်ဆန်၊ စက်တင်ဘာလ ၁၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းနှင့် မူဆယ်မြို့ကြားရှိ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။




မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ထုတ်ပေးရေးဌာနတို့ ပူပေါင်း၍ ပြီးခဲ့သည့် စက်တင်ဘာလ (၉) ရက်နေ့၌ နမ့်ခမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအပေါ် တရားမဝင်နိုင်ငံခြားသားများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဒေသတွင်း လုံခြုံရေး ပိုမိုကောင်းမွန်စေရန် စစ်ဆေးတင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။




တအာင်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် တရားမဝင်နေထိုင်သူများ ဝင်ရောက်ကျူးကျော်မှု မရှိစေရန် ရှောင်တခင်စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်လျက်ရှိပြီး နောင်တွင်လည်း စစ်ဆေးတင်းကြပ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။




ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ထုတ်ပေးရေးဌာနသည် တအာင်းပြည်အတွင်းရှိ မြို့နှင့် ကျေးရွာများအတွင်း နေထိုင်သူများဖြစ်ကြသည့် မိဘပြည်သူလူထုများအတွက် အိမ်ထောင်စုစာရင်းနှင့် Smart Card များ ထုတ်ပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ဌာနဆိုင်ရာများမှ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်