တအာင်းဥပဒေအထောက်အကူပြုအဖွဲ့- TLAF မှ အခြေခံဥပဒေ ဆိုင်ရာအသိပညာပေးသင်တန်းအတွက် စိတ်ဝင်းစားသောလူငယ်များ စတင်ခေါ်ယူနေ
နမ့်ဆန်၊ စက်တင်ဘာ ၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း ဥပဒေအကာကွယ်များအားရယူပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းပေါ်ပေါက် လာစေရန်နှင့် ဥပဒေဆိုင်ရာပြဿနာများအား ကူညီလမ်းညွှန်တတ်စေရန်ရည်ရွယ်၍ အခြေခံဥပဒေ ဆိုင်ရာအသိပညာပေးသင်တန်းအတွက် တက်ရောက်ရန် စိတ်ဝင်စားသော ဒေသခံလူငယ်များကို တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ စတင်ခေါ်ယူနေကြောင်း စက်တင်ဘာလ (၃) ရက်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။

လျှောက်လိုသူများအနေဖြင့် အသက် (၁၆) နှစ်နှင့် (၃၅) နှစ်ကြားရှိရမည်ဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် အနည်းဆုံး အထက်တန်းအဆင့်တတ်ရောက်ဖူးသူဖြစ်ရပါမည်။ ထို့ပြင် သတ်မှတ်ထားသောစည်းကမ်းချက်များကို လိုက်နာနိုင်သူ၊ လူအများနှင့်လိုက်လျောညီထွေစွာ နေထိုင်နိုင်သူဖြစ်ပြီး သင်တန်းသား/သူ (၃၅)ဦးသာ ခေါ်ယူသွားမည်ဖြစ်ပါသည်။

ဤသင်တန်းအတွင်း ဘာသာရပ် (၁၄) ခုဖြစ်သည့် Trust Building၊ Human Rights၊ Legal Knowledge၊ Constitution၊ Women and Law၊ Rule of Law၊ Child Rights and the Child Rights Law၊ Criminal Law၊ Minority Rights၊ Federal၊ Democracy၊ Special Law၊ Basic Concepts of International Law၊ Other Subjects စသည့်ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလအားဖြင့် (၃) လသာ ကြာမြင့်သွားမည်ဖြစ်သည်။ ၎င်းသင်တန်းတတ်ရောက်ရွေးချယ်ခံရသူများအနေဖြင့် စက်တင်ဘာ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့တွင် အကြောင်းကြားပေးမည်ဖြစ်၍ သင်တန်းကို အခမဲ့တတ်ရောက်သွားနိုင်ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါ လျှောက်လွှာများကို စက်တင်ဘာ (၁၃)ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။ ထို့ပြင် သင်တန်းအသေးစိတ်အချက်အလက်များကို သိရှိလိုပါက အီးမေးလ် - [email protected]၊ Facebook Page- Taang Legal Aid Foundation (သို့မဟုတ်) ဖုန်း - ၀၉-၆၉၆ ၆၁၈ ၀၉၃၊ ၀၉-၆၈၆ ၂၈၃ ၄၈၄ မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၎င်းသင်တန်းဖွင့်လှစ်ရခြင်းသည် အခြေခံအခွင့်အရေးများကို သိရှိနားလည်စေရန်၊ ဥပဒေဆိုင်ရာသိဖွယ်များကို သိရှိလာစေရန်၊ ဥပဒေအကာအကွယ်များကိုရယူပြီး ငြိမ်းချမ်းသော အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်၊ မိမိနေထိုင်ရာရပ်ရွာဝန်းကျင်တွင် ပေါ်ပေါက်လာသောဥပဒေဆိုင်ရာပြသနာများကို ကူညီလမ်းညွှန်တတ်စေရန်၊ Paralegal အဆင့် တတ်လှမ်းနိုင်စေရန်စသည့် အချက်အလက်များကို ရရှိသွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။


Website Official
Telegram Official Channel
Telegram Link – Ta’ang TV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ