2125

လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသူ (၃၆) ဦး အမည်စာရင်းထုတ်ပြန်

ဒေသတွင်းသတင်း / ဒေသတွင်း
04 September 2026

လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသူ (၃၆) ဦး အမည်စာရင်းထုတ်ပြန်


နမ့်ဆန်၊ စက်တင်ဘာ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်မည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း-TLSPS အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သူ စုစုပေါင်း (၃၆) ဦး၏ အမည်စာရင်းကို စက်တင်ဘာလ (၃) ရက်နေ့၌ TLSPS  မှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်နေ့အထိ လက်ခံခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်းရှိ လူငယ် (၃၆) ဦးကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း-TLSPS အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိထားသည့် သင်တန်းသား/သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၌ နောက်ဆုံးထား၍ ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ပါသည်။


ကျောင်းဝင်ခွင့်ရရှိထားသူများအနေဖြင့် သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ သတင်းပို့ရောက်ရှိရေးဆိုင်ရာကိစ္စရပ်များကို သိရှိလိုပါက ၀၉-၂၆၄၆၀၇၅၃၆၊ ၀၉-၈၉၃၁၃၈၄၉၆ နှင့် ၀၉-၈၈၃၂၈၉၇၇၈ ကို တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။


ထို့အပြင် တာဝန်ရှိသူများမှ ယခုအကြိမ် ရွေးချယ်မခံရသူများအား စိတ်ဓာတ်မကျကြရန်နှင့် အနာဂါတ်တွင် အခွင့်အလမ်းသစ်များ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့ပြီး လျှောက်ထားသူအားလုံး၏ စိတ်ဝင်စားမှုနှင့် ပါဝင်ကြိုးပမ်းမှုများကို ကျေးဇူးတင်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်


အဆိုပါ လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်းသည် သင်တန်းကာလ (၂) နှစ်ကြာမြင့်မည်ဖြစ်ပြီး Semester (၂) ခုဖြင့် အဆင့်လိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ပထမနှစ်တွင် အခြေခံစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကာ ဒုတိယနှစ်တွင် နိုင်ငံရေးနှင့် မူဝါဒရေးရာ ဘာသာရပ်များကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သူများအား နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသူ (၃၆) ဦး အမည်စာရင်းထုတ်ပြန်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်