ဟဲခမ်းကျေးရွာတွင် မြေပြိုကျမှုကြောင့် ရွှေကျင်းလုပ်ကိုင်နေသည့် အမျိုးသား (၁) ဦး သေဆုံး၊ (၁) ဦး ထိခိုက်ဒဏ်ရာရ
မိုင်းငေါ့၊ သြဂုတ် ၂၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် ရွှေကျင်းလုပ်ကိုင်နေစဉ် မြေပြိုကျမှုဖြစ်ပွားရာမှ အမျိုးသား (၁) ဦး သေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၂၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေကျင်းလုပ်ကိုင်နေသည့် အဖွဲ့ဝင် (၂၀) ဦးခန့်အနက် အသက် (၃၇) နှစ်အရွယ် ဦးသက်ပိုင်စိုးသည် ရွှေတွင်းအတွင်း မြေတူးဖော်နေစဉ် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး မြေစာများအောက်တွင် ပိတ်မိကာ သေဆုံးခဲ့သည်။
အဆိုပါ မြေပြိုကျမှုကြောင့် ရွှေတွင်းအပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေသည့် ကိုကျော်ငြိမ်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မြေပြိုကျမှုဖြစ်ပွားပြီးနောက် ရွှေလုပ်သားများက မြေစာများကို ဝိုင်းဝန်းဖယ်ရှားခဲ့သော်လည်း ဦးသက်ပိုင်စိုးမှာ အသက်ဆုံးရှုံးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TLG ၏ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ခဲ့သည်။

မိုးရာသီကာလတွင် မိုးရေစိမ့်ဝင်မှုကြောင့် မြေသားပျော့လာပြီး ရွှေတွင်းနှင့် မြေတူးဖော်လုပ်ငန်းခွင်များ၌ မြေပြိုကျမှုအန္တရာယ် ဖြစ်ပေါ်နိုင်သဖြင့် လုပ်သားများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် အထူးသတိထား၍ လုပ်ကိုင်ကြရန်နှင့် အန္တရာယ်လက္ခဏာများ တွေ့ရှိပါက လုပ်ငန်းခွင်မှ ချက်ချင်းရှောင်ရှားကြရန် အသိပေးအပ်ပါသည်။
Website Official
Telegram Official Channel
Telegram Link – Ta’ang TV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ