တအာင်းပြည်ပညာရေးကောင်စီမှ ပညာရေးဝန်ဆောင်မှုများ ပိုမိုထိရောက်မြန်ဆန်စေရန် တိုင်ကြားမှုယန္တရား စတင်မိတ်ဆက်
နမ့်ဆန်၊ သြဂုတ် ၁၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း တအာင်းပြည်ပညာရေးကောင်စီ (Ta’ang Land Education Council - TLEC) ၏ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ တိုးတက်လာစေရန် ရည်ရွယ်၍ တိုင်ကြားမှုယန္တရား (Complaint Mechanism) ကို သြဂုတ်လ (၁၇) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ တိုင်ကြားမှုယန္တရားမှတစ်ဆင့် TLEC ၏ ပညာရေးဆိုင်ရာမူဝါဒများ၊ ရုံးလုပ်ငန်းစဉ်များ၊ သင်ရိုးညွှန်းတမ်းများ၊ အထက်တန်းပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှုစနစ်များ၊ စာသင်ခန်းသင်ကြားရေးအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခြေအနေများအပြင် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အကြံပြုခြင်း၊ ဝေဖန်ခြင်းနှင့် တိုင်ကြားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါ တိုင်ကြားမှုယန္တရားကို Telegram Bot ပလက်ဖောင်းမှတစ်ဆင့် အသုံးပြုနိုင်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများအနေဖြင့် ပညာရေးဆိုင်ရာ အကြံပြုချက်များနှင့် တိုင်ကြားချက်များကို ပိုမိုလွယ်ကူစွာ ပေးပို့နိုင်ရန် ရည်ရွယ်၍
ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မိဘပြည်သူများအနေဖြင့် TLEC ထံ အကြံပြုချက်များနှင့် တိုင်ကြားချက်များကို Telegram Bot မှတစ်ဆင့် တိုက်ရိုက်ပေးပို့နိုင်ပြီး QR Code ကို Scan ဖတ်၍လည်း ဝင်ရောက်ပေးပို့နိုင်ပြီဖြစ်သည်။
တအာင်းပြည်ပညာရေးကောင်စီအနေဖြင့် ပညာရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် မိဘပြည်သူများ၏ ဝေဖန်အကြံပြုချက်များနှင့် တိုင်ကြားချက်များကို လက်ခံရယူသွားမည်ဖြစ်ပြီး ပြုပြင်ရန် လိုအပ်နေသည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ