2063

နမ္မတူမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
15 August 2026

နမ္မတူမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA မှ ဖမ်းဆီးရမိ


နမ္မတူ၊ သြဂုတ်လ ၁၅ ရက်

တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့၊ ရပ်ကွက် (၃) တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA တပ်မဟာ (၂) မှ ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း သတင်းရရှိသဖြင့် နမ္မတူမြို့၊ ရပ်ကွက် (၃) အတွင်း သွားရောက်စစ်ဆေးရာ အသက် (၅၇) နှစ်အရွယ် ဦးမောင်မောင်လွင်ထံမှ ယာမထုတ်သေး (၃၀) ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာဗူး (၃၁) ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါဖမ်းဆီးရမိသူသည် ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး အကျင့်စာရိတ္တပြုပြင်ရေးအစီအစဉ်ဖြင့် (၆) လခန့် ထိန်းကျောင်းပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သူဖြစ်သည်။

 

လက်ရှိတွင် ၎င်းအား တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့တွင် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၊ ရပ်ကွက် (၃) အတွင်း တအာင်းပြည်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့တို့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ယာမစိတ်ကြွဆေးပြား (၃၇၀) ပြား၊ လက်နက်၊ ကျည်ဆန်၊ လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းများအပါအဝင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်