2034

တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် မိဘပြည်သူလူထုများ ခရီးသွားလိုလျှင် လမ်းကြောင်းအခြေအနေမေးမြန်းပြီးမှသာ သွားလာဖြတ်သန်းသင့်ကြောင်း အသိပေးအပ်

ဒေသတွင်းသတင်း / ဒေသတွင်း
07 August 2026

တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် မိဘပြည်သူလူထုများ ခရီးသွားလိုလျှင် လမ်းကြောင်းအခြေအနေမေးမြန်းပြီးမှသာ သွားလာဖြတ်သန်းသင့်ကြောင်း အသိပေးအပ်

နမ့်ဆန်၊ သြဂုတ် ၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းဝီး၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့နယ်တွင် ယခုမိုးရာသီကာလ၌ မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် လမ်းများယိုယွင်းပျက်စီးနေသည့်အခြေအနေဖြစ်ပေါ်နေသဖြင့် မိဘပြည်သူလူထုများအနေဖြင့် ခရီးသွားလိုလျှင် လမ်းကြောင်းအခြေအနေမေးမြန်းပြီးမှသာ သွားလာဖြတ်သန်းသင့်‌ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။


မိုးများအဆက်မပြတ်ရွာသွန်းနေကြောင့် မြို့နယ်တစ်မြို့နှင့် တစ်မြို့သော်လည်းကောင်း၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာသော်လည်းကောင်း ဆက်သွယ်ထားသောလမ်းမကြီးသည် မိုးရေများ၏ တိုက်စားမှုကြောင့် လမ်းမပေါ်၌ မြေများ ပြိုကျခြင်းနှင့် တံတားများ ပျက်စီးခြင်းစသည်တို့ကို ဖြစ်ပေါ်လျက်ရှိနေသည်။


ထို့ကြောင့် တအာင်းပြည်အတွင်းရှိ မိဘပြည်သူလူထုများအနေဖြင့် အရေးပေါ်အခြေအနေမှသာ ခရီးသွားလာသင့်ကြောင်းနှင့် လမ်း၏အခြေအနေများကို မေးမြန်းပြီးမှသာ သွားလာဖြတ်သန်းသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။ ထိုမှသာ ပြည်သူလူထုများက ခရီးသွားနေစဉ်အတွင်း သဘာဝဘေးအန္တရာယ်၏ဒဏ်ကို ရှောင်‌ရှားနိုင်မည်ဖြစ်ပါသည်။


ထိုအပြင် မြစ်၊ ချောင်း၊ ချောက်ကမ်းပါးနှင့် နီးစပ်သောနေရာများ၊ မြေပြိုလွယ်သောနေရာများ၊ ရေစီးဆင်းမှုများသောနေရာများ၊ ရေကြီးနိုင်သောနေရာများတွင် ပြည်သူလူထုများမှ နေထိုင်အခြေချခြင်း၊ သွားလာဖြတ်သန်းခြင်းမပြုရန် အထူးပင်ဂရုစိုက်ရန် လိုအပ်ပါသည်။ မိဘပြည်သူလူထုများအနေလည်း မိုးရေကြောင့် မြေပြိုကျခြင်း၊ တံတားများ ပျက်စီးခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားလာပါက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ သက်ဆိုင်ရာ မြို့နယ်ဌာနများကို ဆက်သွယ်အကြောင်းကြားပေးပါရန် အထူးပင် တိုက်တွန်းအပ်ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် မိဘပြည်သူလူထုများ ခရီးသွားလိုလျှင် လမ်းကြောင်းအခြေအနေမေးမြန်းပြီးမှသာ သွားလာဖြတ်သန်းသင့်ကြောင်း အသိပေးအပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်