1999

မိုင်းငေါ့မြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
14 July 2026

မိုင်းငေါ့မြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ


နမ့်ဆန်၊ ဇူလိုင် ၁၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ် နှင့် ပါလင်အုပ်စု၊ ခူန်ခါအုပ်စုနှင့် ကွမ်းစလန်းအုပ်စု တို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၂)ရက်တွင် မိမိတို့ PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာတိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။


ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါးပြဿနာသည် တအာင်းပြည်၏ လူသားအရင်းအမြစ်များကို ထိခိုက်စေရုံသာမက အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပညာပေးခဲ့သည်။ ထို့ပြင် ခေတ်မီစိတ်ပြောင်းဆေးဝါးများ ဝင်ရောက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် နယ်စပ်ဂိတ်များနှင့် အဓိကလမ်းကြောင်းများတွင် ပူးပေါင်းစစ်ဆေးခြင်း၊ တားဆီးနှိမ်နင်းခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေစည်းမျဉ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဗိုလ်မှူး တားလှကျော်၊ နမ့်ဆန်ခရိုင်မှူး ဗိုလ်မှူး တားဆမဲင်ကုင်၊ နမ့်ဆန်ခရိုင်အတွင်းရေးမှူး ဗိုလ်ခေါပ်ပြာနှင့် မိုင်းငေါ့မြို့နယ်မှူး ဗိုလ်ဒီမိုဟံတ်တို့ ဦးဆောင်ကျင်းပခဲ့ပြီး မိုင်းငေါ့မြို့နှင့် ကျေးရွာ (၁၀) ရွာမှ ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။


ထို့နောက် တက်ရောက်လာသည့် ပြည်သူလူထုများက မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုအသိုက်အဝန်း ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်များကို တက်ကြွစွာ ဆွေးနွေးတင်ပြခဲ့ကြပြီး စုစုပေါင်း ပြည်သူ (၆၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီသည် တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုများထံ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးမှုများနှင့် ပြည်သူပူးပေါင်းပါဝင်မှု မြှင့်တင်ရေးလုပ်ငန်းများကို မြို့နှင့် ကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့မြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်