1985

မန်အောင်ကျေးရွာတွင် ကျေးရွာလူငယ်အဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းစဥ် ဆောင်ရွက်နေစဉ် သုံးစွဲသူ (၄)ဦးကို ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
09 July 2026

မန်အောင်ကျေးရွာတွင် ကျေးရွာလူငယ်အဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းစဥ် ဆောင်ရွက်နေစဉ် သုံးစွဲသူ (၄)ဦးကို ဖမ်းဆီးရမိ


နမ့်ဆန်၊ ဇူလိုင် ၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာအတွင်း လူငယ်အဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၄)ဦးကို  ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အပ်နှံပေးခဲ့ပါသည်။ 

 

ကျေးရွာလူငယ်အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်နေ့၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စစ်ဆေးမှုပြုလုပ်ချိန် အသက် (၅၂)နှစ်အရွယ် ဦးအောင်မိုး၊ အသက် (၃၈)နှစ်အရွယ် ဦးယိုင်တိုး၊ အသက် (၃၁)နှစ်အရွယ် ဦးသန်းဦးနှင့် အသက် (၄၈)နှစ်အရွယ် ဦးအိုက်နိုင်တို့ကို  ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူများကို  ၎င်းတို့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ထို့နောက်တွင်  သက်ဆိုင်ရာမြို့နယ်ရဲစခန်းထံ အကြောင်းကြားပေးခဲ့ပြီး ၎င်းအမျိုးသား (၄)ဦးကို စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ရာမှ မူးယစ်ဆေးဝါးသုံးစွဲထားကြောင့် စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ 


၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။   


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


အလားတူ ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့၌ နမ့်ခမ်းမြို့နယ်၊ နမ့်မကျေးရွာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅) ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်အောင်ကျေးရွာတွင် ကျေးရွာလူငယ်အဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းစဥ် ဆောင်ရွက်နေစဉ် သုံးစွဲသူ (၄)ဦးကို ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်