1973

နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ လက်ဖက်စိုက်ပျိုးထုတ်လုပ်‌ရောင်းချရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
02 July 2026

နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ လက်ဖက်စိုက်ပျိုးထုတ်လုပ်‌ရောင်းချရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ


နမ့်ဆန်၊ ဇူလိုင်လ ၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ လက်ဖက်စိုက်ပျိုးထုတ်လုပ်‌ရောင်းချ‌ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ယမန်နေ့ ဇူလိုင်လ (၁) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကျင်းပခဲ့သည်။



အဆိုပါ ဆွေးနွေးပွဲတွင် လက်ဖက်စိုက်ပျိုးရေးအသင်းက စံပြလက်ဖက်ခြံများ ပြုလုပ်ပေးထားသော်လည်း လက်ဖက်တောင်သူများသည် လေ့လာမှု၊ လိုက်နာမှု၊ ကျင့်သုံးမှုအားနည်းသောကြောင့်  လုပ်အားပြဿာနာနှင့် ကြုံတွေ့ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် လုပ်အားအများအပြားကုန်ကျမခံဘဲ နည်းပညာနှင့်အတူ လက်ဖက်ကို ၎င်းတို့က လုပ်ကိုင်သွားရမည်ဖြစ်သည်။ 



ထို့နောက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် ကုန်ဈေးနှုန်း အခက်အခဲကြောင့် မိုးရာသီတွင် အနိမ့်ဆုံးလက်ဖက်ဈေးနှုန်းကို (၂၅၀၀) ကျပ် သတ်မှတ်ထားပြီး ဈေးကွက်အတွင်း လက်ဖက်လုပ်ငန်းရှင်များက သတ်မှတ်ထားသောစျေးနှုန်းအတိုင်း ဝယ်ယူကြရန်၊ လုပ်ငန်းရှင်များလည်း ရင့်‌သောလက်ဖက်များကို မဝယ်ကြရန်နှင့် တောင်သူများလည်း သတ်မှတ်ထားသော စံချိန်၊ စံနှုန်းဖြင့် ခူးရောင်းချရန်စသည့်တို့ကို  အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။



ဆွေးနွေးပွဲကို တက်ရောက်လာကြသည့်တာဝန်ရှိသူများလည်း မိမိတို့ဒေသအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ ယခု ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ရပ်ကွက်နှင့် ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးလုပ်ငန်းစီမံကိန်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ ခရိုင်ရဲမှူး ဗိုလ်ကြီး တားတံင်မျံမ်၊ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်နောင်ချို၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်‌ရေးအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်ဆမဲင်ရံက်၊ သစ်တောနှင့် မြေယာထိန်းသိမ်းရေးဌာနမှ အရာခံဗိုလ် မိုင်းဂေါင်ခြီရ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်း လူဦးရေ (၄၀)ဦးကျော် တက်ရောက် ဆွေးနွေဆုံးဖြတ်ခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ လက်ဖက်စိုက်ပျိုးထုတ်လုပ်‌ရောင်းချရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်