1961

နမ့်ဆန်မြို့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ ဘီလီယံ (၂၀) ကျော် မီးရှို့ဖျက်ဆီး

ဒေသတွင်းသတင်း / ဒေသတွင်း
26 June 2026

နမ့်ဆန်မြို့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ ဘီလီယံ (၂၀) ကျော် မီးရှို့ဖျက်ဆီး

နမ့်ဆန်၊ ဇွန်လ ၂၆ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA က (၂၀၂၄) ခုနှစ်မှ (၂၀၂၅) ခုနှစ်အတွင်း ဖမ်းဆီးသိမ်းဆည်းရမိထားသော ကာလတန်ဖိုး မြန်မာကျပ်ငွေ ဘီလီယံ (၂၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ ဇွန်လ (၂၆) ရက်နေ့တွင် ပြည်သူလူထုရှေ့မှောက်၌ မီးရှို့ဖျက်ဆီးခဲ့သည်။


 
အဆိုပါအခမ်းအနားသို့ PSLF/TNLA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်၊ အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူဇာရ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင်ဆဲင်၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တားမိုးဟိန်း၊ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်တို့အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထု စုစုပေါင်း လူဦးရေ (၁,၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။


 
အခမ်းအနားတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်က ဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးသည် အာဏာပိုင်အဖွဲ့အစည်းများ၏ တာဝန်တစ်ခုတည်းမဟုတ်ဘဲ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ရပ်ကွက်နှင့် ကျေးရွာများအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့တိုင်ကြားကာ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်။


 
ထို့နောက် PSLF/TNLA က (၂၀၂၄) ခုနှစ်မှ (၂၀၂၅) ခုနှစ်အတွင်း (၂ နှစ်တာကာလ) ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည့် ဘိန်းဖြူ (၁၀၈.၇၄) ကီလိုဂရမ်၊ ယာမစိတ်ကြွဆေးပြား (၆၁၆.၃) ကီလိုဂရမ်နှင့် ဘိန်းမည်း (၁၉.၄၀၉) ကီလိုဂရမ် တို့ကို ပြည်သူလူထုရှေ့မှောက်၌ မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးမှာ မြန်မာကျပ်ငွေ ဘီလီယံ (၂၀) ကျော် ရှိပါသည်။


 
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA သည် (၂၀၁၂) ခုနှစ်မှစတင်၍ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး (၂၀၁၂) မှ (၂၀၂၅) ခုနှစ်အထိ (၁၃) နှစ်တာကာလအတွင်း ဘိန်းဖြူ (၇၀၀.၁) ကီလိုဂရမ်၊ ဘိန်းဖြူခဲ (၂၅) ကီလိုဂရမ်၊ ဘိန်းမည်း (၃၅၆.၀၁) ကီလိုဂရမ်နှင့် ယာမစိတ်ကြွဆေးပြား (၂,၆၀၂.၃၆) ကီလိုဂရမ် ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် ဘိန်းခင်း (၅,၃၁၃.၀၁) ဧက ကို ဖျက်ဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁,၃၃၇) ဦး ကိုလည်း စနစ်တကျ အကျင့်စာရိတ္တ ပြန်လည်ပြုပြင်ထိန်းကျောင်းပေးနိုင်ခဲ့သည်။


 
အလားတူ ၂၀၂၃ ခုနှစ် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင်လည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာ၌ PSLF/TNLA မှ ဖမ်းဆီးသိမ်းဆည်းရမိထားသော မူးယစ်ဆေးဝါးများ စုစုပေါင်း ကျပ် (၈၂)သန်းကျော်ကို  ပြည်သူလူထုရှေ့မှောက်၌ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါသည်။
 
Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969

#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ ဘီလီယံ (၂၀) ကျော် မီးရှို့ဖျက်ဆီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်