တအာင်းစာအဖွဲ့ (TLA) မှ တအာင်းစာသင်ကြားရေးစွမ်းရည် မြှင့်တင်ရန် ဆရာ/မများအား တအာင်းစာသင်တန်း အောင်မြင်စွာ ဖွင့်လှစ်ပြီးစီး
နမ့်ဆန်၊ ဇွန်လ ၁၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းမြို့နယ်တို့တွင် ကျောင်းသား/သူများအား တအာင်းစာကို ပိုမိုထိရောက်စွာ သင်ကြားပို့ချပေးနိုင်ရန်နှင့် ကျောင်းဆရာ/မများ၏ တအာင်းစာအရည်အချင်း မြှင့်တင်နိုင်ရေးအတွက် တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် တအာင်းစာစွမ်းရည်မြှင့် သင်တန်းများကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

နမ့်ခမ်းမြို့နယ်တွင် အဆိုပါသင်တန်းကို ဇွန်လ (၂) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ (TLEC) လက်အောက်ရှိ တအာင်းစာ သင်ကြားပို့ချပေးနေသော ဆရာမ (၄၃) ဦးနှင့် ဆရာ (၁၃) ဦး စုစုပေါင်း (၅၆) ဦး တက်ရောက်သင်ကြားခဲ့ကြကာ သင်တန်းဆင်းပွဲကို ဇွန်လ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အလားတူ မန်တုံမြို့မှ ဆရာ/မ (၂၈) ဦး၊ နမ့်ဆန်မြို့မှ ဆရာ/မ (၃၃) ဦးနှင့် မိုင်းလုံမြို့မှ ဆရာ/မ (၂၀) ဦးတို့အား တအာင်းစာစွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲများကို ဇွန်လ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့အပြင် နမ္မတူမြို့တွင်လည်း အလားတူသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း (၁၃) ဦး တက်ရောက်သင်ကြားခဲ့ကြသည်။ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းများ၌ သင်တန်းပြီးမြောက်ခဲ့သူ စုစုပေါင်း (၁၅၀) ဦး ရှိခဲ့သည်။
သင်တန်းကာလအတွင်း တက်ရောက်သူများအား တအာင်းစာဖတ်ခြင်း၊ ရေးခြင်း၊ သင်ကြားရေးနည်းစနစ်များနှင့် ဘာသာစကားဆိုင်ရာ အရည်အချင်းများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းပြီးဆုံးပါက မိမိတို့ တာဝန်ထမ်းဆောင်ရာ ကျောင်းများနှင့် ဌာနအသီးသီးတွင် တအာင်းစာကို ပိုမိုထိရောက်စွာ ပြန်လည်သင်ကြားပို့ချပေးနိုင်မည်ဖြစ်သည်။
ထို့နောက် သင်တန်းကာလအတွင်း ထူးချွန်စွာ တက်ရောက်ခဲ့ကြသည့် ဆရာ/မများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်များ (Certificates) ကိုလည်း ပေးအပ်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
www.taangland.org
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ