နမ့်ဆန်မြို့နယ်တွင် Ta’angland English Center (TEC) မှ Diploma in English Program (Batch-1) ဖွင့်လှစ်
နမ့်ဆန်၊ ဇွန်လ ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် Ta’angland English Center (TEC) မှ ဖွင့်လှစ်သည့် Diploma in English Program (Batch-1) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လ၊ တရားစီရင်ရေးဌာန၏ တရားသူကြီးချုပ် တားအိုမ်ယ်ုရ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်မှူးကြီး တားပါင်လက “ယခင်က ကျွန်တော်တို့သည် ပညာသင်ကြားရေး အားနည်းခဲ့သောကြောင့် ယခုလို နောက်ကျကျန်ရစ်ပြီး အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထို့ကြောင့် ယခုအခါ အင်္ဂလိပ်ကျောင်းကို ဆက်လက်ဖွင့်လှစ်ရခြင်းဖြစ်သည်။ အဆိုပါကျောင်း ပြီးမြောက်အောင်မြင်သွားပါက တအာင်းပြည်ရှိ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်သလို ပြည်ပနိုင်ငံများတွင် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန်အတွက်လည်း စေလွှတ်ပေးသွားမည်ဖြစ်သည်” ဟု အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ Diploma in English Program ကို Semester (၃) ခုဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းကာလ (၁၈) လ ကြာမြင့်မည်ဖြစ်ပါသည်။ သင်တန်းတွင် CEFR (Common European Framework of Reference for Languages) စံနှုန်းအရ A1 အဆင့်မှ B2 အဆင့်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး Curriculum၊ Credit Unit၊ Assessment နှင့် Extracurricular Activities များကိုလည်း စနစ်တကျ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။

အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းသို့ တက်ရောက်သည့် ကျောင်းသား/သူများ၏ ပညာအရည်အချင်း သတ်မှတ်ချက်အနေဖြင့် ပညာရေးစနစ်ဟောင်းအရ အခြေခံပညာ အထက်တန်း (၁၀) တန်း တက်ရောက်ပြီးသူ (သို့မဟုတ်) အောင်မြင်ပြီးသူများနှင့် ပညာရေးစနစ်သစ်အရ Grade (၁၂) တက်ရောက်ပြီးသူ (သို့မဟုတ်) အောင်မြင်ပြီးသူများကို ရွေးချယ်လက်ခံထားခြင်းဖြစ်ပါသည်။ အဆိုပါ Diploma in English Program (Batch-1) တွင် ကျောင်းသူ (၂၁) ဦးနှင့် ကျောင်းသား (၁၄) ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပါသည်။
Ta’angland English Center (TEC) မှ ဖွင့်လှစ်သည့် Diploma in English Program သည် တအာင်းလူငယ်များ၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြှင့်တင်ပေးနိုင်ရန်၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ ခေတ်မီပညာရပ်များနှင့် နိုင်ငံတကာဗဟုသုတများကို လေ့လာသင်ယူနိုင်စေရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ