1918

"PSLF/TNLA News" အမည်ခံ Facebook Page အတုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

ဒေသတွင်းသတင်း / ဒေသတွင်း
06 June 2026

"PSLF/TNLA News" အမည်ခံ Facebook Page အတုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

၂၀၂၆ခုနှစ်၊ ဇွန်လ ၆ရက်

၁။ မိမိတို့ PSLF/TNLA သည် Facebook page Follower (၃၅၀၀) ကျော်ရှိသော page အတုသည် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "PSLF/TNLA News" အမည်ဖြင့် Page တစ်ခုကို တည်ဆောက်ကာ မိမိတို့ PSLF/TNLA အဖွဲ့အစည်းဟန်ဆောင်၍ သတင်းအတု၊ သတင်းအမှားများနှင့် လုပ်ကြံဖန်တီးမှုများကို ရေးသားထုတ်လွှင့်နေကြောင်း စိစစ်တွေ့ရှိရပါသည်။
Fake Page - https://www.facebook.com/profile.php?id=61582513923949&sk=photos






၂။ အဖွဲ့အစည်းအနေဖြင့် အဆိုပါ "Mai Lay" အကောင့်ပိုင်ရှင်အား PSLF/TNLA အဖွဲ့အစည်းပိုင် နာမည်၊ Logo နှင့် အလံ အမှတ်တံဆိပ်များကို ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အသုံးပြုခွင့်မပြုကြောင်း အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း Mai Lay သည် မိမိတို့ အဖွဲ့အစည်းအပေါ် ဂုဏ်သိက္ခာညိုးနွမ်းကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ရေးသားခြင်း၊ လူထုအား ထိခိုက်စေမည့် သတင်းအမှားများနှင့် အမုန်းစကား (Hate Speech) များကို တမင်ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။





၃။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် "Mai Lay"၄င်း၏ PSLF/TNLA News page အတုအား Like နှင့် Follow လုပ်ထားသူများအနေဖြင့် Unfollow ပြုလုပ်ကြပြီး၊ သတင်းအမှားများ ထပ်မံမပြန့်ပွားစေရန်အတွက် Report ထုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Fake Profile link - https://www.facebook.com/mailaymglay
https://www.facebook.com/profile.php?id=61551722382891

၄။ မိမိတို့ PSLF/TNLA အဖွဲ့အစည်းသည် မိဘပြည်သူများ သတင်းမှန် သိရှိစေရေးအတွက် အောက်ပါ တရားဝင် Online Platform များမှတစ်ဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက် ရှိပါသည်။

Facebook Page: https://www.facebook.com/profile.php?id=61587414122969
Telegram Channel: https://t.me/pslftnlanews/ https://t.me/pslftnlaTaangTV 
YouTube Channel: https://www.youtube.com/@pslftnlanews
Official Website: www.taangland.org

မိဘပြည်သူများအနေဖြင့် PSLF/TNLA နှင့် ပတ်သက်သည့်သတင်းအကြောင်းအရာများအား တရားဝင်ထုတ်ပြန်သည့် Online Platformမှ သတင်းမှန်များကိုသာ ကြည့်ရှု စဉ်းစားချင့်ချိန်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: "PSLF/TNLA News" အမည်ခံ Facebook Page အတုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်