1899

မန်တုံမြို့တွင် သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို PSLF/TNLA တာဝန်ရှိသူများမှ ပူပေါင်း၍ လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
29 May 2026

မန်တုံမြို့တွင် သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို PSLF/TNLA တာဝန်ရှိသူများမှ ပူပေါင်း၍ လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့


မန်တုံ၊ မေလ ၂၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတပ်ဖွဲ့များ ပူးပေါင်း၍ သက်တမ်းကုန်ဆုံးနေသည့် ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။



အဆိုပါ စစ်ဆေးမှုကို ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့တွင်းရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များအတွင်း လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သည့် သက်တမ်းကုန်ဆုံးနေသော စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆေးဝါးများကို သိမ်းဆည်းခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါသည်။



ထို့ပြင် ဆိုင်ရှင်များအနေဖြင့် သက်တမ်းကုန်ဆုံးနေသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆေးဝါးများအား ထပ်မံရောင်းချခြင်း မပြုလုပ်ကြရန်လည်း အသိပေးခဲ့သည်။ ယင်းသို့ စစ်ဆေးမှုများ မပြုလုပ်မီကပင် မြို့တွင်းရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များထံ သတိပေးစာများကို လိုက်လံဖြန့်ဝေပေးထားခဲ့သည်။



နောက်နောင်တွင် သက်တမ်းကုန်ဆုံးနေသော ပစ္စည်းများအား ဆက်လက်ရောင်းချနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။


ထို့ကြောင့် မိဘပြည်သူလူထုများအနေဖြင့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝယ်ယူအသုံးပြုရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို သေချာစစ်ဆေးဝယ်ယူအသုံးပြုကြရန်နှင့် သက်တမ်းကုန်ဆုံးနေသည့် ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံး သတင်းပေးအကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969

 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို PSLF/TNLA တာဝန်ရှိသူများမှ ပူပေါင်း၍ လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်