1890

တအာင်းစာ ဆရာ/မဖြစ် မွမ်းမံသင်တန်း (TOT) အပတ်စဉ် (၆) အတွက် လျှောက်လွှာ စတင်ခေါ်ယူ

ဒေသတွင်းသတင်း / ဒေသတွင်း
23 May 2026

တအာင်းစာ ဆရာ/မဖြစ် မွမ်းမံသင်တန်း (TOT) အပတ်စဉ် (၆) အတွက် လျှောက်လွှာ စတင်ခေါ်ယူ


နမ့်ဆန်၊ မေလ ၂၃ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တအာင်းစာအဖွဲ့ (Ta'ang Literature Association - TLA) မှ ဦးဆောင်ဖွင့်လှစ်သွားမည့် တအာင်းစာ ဆရာ/မဖြစ် မွမ်းမံသင်တန်း (Training of Trainers - TOT) အပတ်စဉ် (၆) အတွက် သင်တန်းလျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်သည်။


 

အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်း သတ်မှတ်ချက်အရ ပညာရေးစနစ်ဟောင်းဖြစ်ပါက (၁၀) တန်းတက်ရောက်ပြီးသူများနှင့် ပညာရေးစနစ်သစ်ဖြစ်ပါက Grade (၁၂) အထိ တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ရမည်ဖြစ်သည်။

 


ထို့ပြင် လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်ကြောင်း TLA မှ အသိပေးထားသည်။


 

တအာင်းစာကို ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် (၄၈) နှစ်ပြည့်မြောက်ခဲ့သော်လည်း တအာင်းစာပေနှင့် ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည့်အပြင် တအာင်းလူမျိုးများအကြား တအာင်းစာနှင့် တအာင်းဘာသာစကားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု အားနည်းခဲ့သဖြင့် PSLF/TNLA မှ တအာင်းစာအဖွဲ့ (TLA) ကို ဖွဲ့စည်းကာ စာပေနှင့် ဘာသာစကားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သည်။


 

ထို့နောက် PSLF/TNLA လက်အောက်ရှိ တအာင်းစာအဖွဲ့ (TLA) ၏ ဦးဆောင်မှု၊ လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီမှုများဖြင့် တအာင်းစာ ဆရာ/မဖြစ် မွမ်းမံသင်တန်း (TOT) များကို အဆင့်ဆင့် ဖွင့်လှစ်လာခဲ့ရာ ၂၀၂၁ ခုနှစ်တွင် မန်တုံမြို့နယ်၌ အပတ်စဉ် (၁)၊ ၂၀၂၂ ခုနှစ်တွင် နမ့်ဆန်မြို့နယ်၌ အပတ်စဉ် (၂)၊ ၂၀၂၃ ခုနှစ်တွင် အပတ်စဉ် (၃)၊ ၂၀၂၄ ခုနှစ်တွင် နမ့်ခမ်းမြို့နယ်၌ အပတ်စဉ် (၄) နှင့် ၂၀၂၅ ခုနှစ်တွင် အပတ်စဉ် (၅) တို့ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။


 

တအာင်းစာ ဆရာ/မဖြစ် မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တအာင်းစာပေကို တအာင်းပြည်တစ်ဝှမ်း ပိုမိုပြန့်ပွားလာစေရန်၊ တအာင်းစာအုပ်စာပေများ ပိုမိုထုတ်လုပ်နိုင်ရန်၊ တအာင်းစာသင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့် တအာင်းလူမျိုးများအနေဖြင့် တအာင်းစာကို ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်၊ အသုံးပြုတတ်လာစေရန် ဖြစ်သည်။


Website Official

www.taangland.org

 

Telegram Official Channel

https://t.me/pslftnlanews

 

Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV

 

YouTube Official

https://www.youtube.com/@pslftnlanews

 

Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာ ဆရာ/မဖြစ် မွမ်းမံသင်တန်း (TOT) အပတ်စဉ် (၆) အတွက် လျှောက်လွှာ စတင်ခေါ်ယူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်