တအာင်းပြည်အတွင်းရှိ မိဘပြည်သူလူထုများအား ဟန်တာဗိုင်းရပ်စ် (Hantavirus)နှင့် ပတ်သက်၍ သိရှိ သတိပြု ကာကွယ်နိုင်ရန်အတွက် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'angland Health Council THC)မှ နှိုးဆော် တိုက်တွန်း
နမ့်ဆန်၊ မေ ၁၃ရက်
တအာင်းပြည်သတင်း
လတ်တလော နိုင်ငံတကာနှင့် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပေါ်နေသည့် ဟန်တာဗိုင်းရပ်စ်ခေါ် ကြွက်မှတစ်ဆင့်ကူးစက်တတ်သောရောဂါသည် ကျောက်ကပ်နှင့် အသက်ရှူလမ်းကြောင်းကို ပြင်းထန်စွာ ထိခိုက်စေနိုင်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်အထိ အန္တရာယ်ရှိသောကြောင့် တအာင်းပြည်အတွင်းရှိမိဘပြည်သူလူထုများအနေဖြင့် အထူးသတိပြုရန်လိုအပ်ကြောင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'angland Health Council THC)မှ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

အဆိုပါရောဂါသည် ကြွက်ဆီး၊ အညစ်အကြေးနှင့် ကြွက်တံတွေးကနေတဆင့် ကူးစက်နိုင်ပြီး ကူးစက်ခံရပါက အဆုတ်၊ ကျောက်ကပ်၊ အသက်ရှူလမ်းကြောင်းတို့ကို ပြင်းထန်စွာ ထိခိုက်စေတတ်သည်။

ရောဂါ၏ အင်္ဂါလက္ခဏာသည် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းနှင့် အသက်ရှူခက်ခဲခြင်းတို့ဖြစ်ပြီး ပြင်းထန်လာပါက အသက်အန္တရာယ်ထိ ရှိလာနိုင်သည့်အတွက်ကြောင့် WHO Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

လက်ရှိတွင် ဟန်တာဗိုင်းရပ်စ်အတွက် ထိရောက်သော ကာကွယ်ဆေးမရှိသေးသောကြောင့် သံသယလူနာများတွေ့ရှိပါက လူနာအနေဖြင့် အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများကို ထောက်ကူစောင့်ရှောက်ကုသမှု (supportive care) ကို ခံယူသင့်ပါသည်။

ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် လူနေအိမ်များနှင့် သိုလှောင်ရုံများကို သန့်ရှင်းစွာထားရှိရန်၊ ကြွက်ဝင်နိုင်သော အပေါက်များကို ပိတ်ဆို့ရန်နှင့် ကြွက်အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ရာတွင် Mask နှင့် လက်အိတ်များ အသုံးပြုရမည်ဖြစ်သည်။
ထိုနောက် မိဘပြည်သူများအနေဖြင့် ဟန်တာဗိုင်းရပ်စ်နှင့် ပတ်သတ်ပြီး အလွန်စိုးရိမ်ခြင်းမပြုဘဲ ရောဂါနှင့်ပတ်သတ်သည့် ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးအကြံပြုချက်များအား လေ့လာထားသင့်ကြောင်း အသိပေးအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ