1869

နမ့်ခမ်းမြို့တွင် PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်များ ပျက်စီးယိုယွင်းနေသော လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
12 May 2026

နမ့်ခမ်းမြို့တွင် PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်များ ပျက်စီးယိုယွင်းနေသော လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့


နမ့်ခမ်း၊ မေ ၁၂ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မိဘပြည်သူလူထု၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန် ရည်ရွယ်ပြီး ရပ်ကွက်အသီးသီးမှ ပျက်စီးယိုယွင်းနေသောလမ်းများနှင့် တံတားများကို ကွန်ကရစ်လမ်းအဖြစ် စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။


မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြီးခဲ့သည့် ဧပြီလမှ စတင်၍ ယခုမေလအထိ မြို့တွင်းရှိ စာရေးတန်းရပ်ကွက်နှင့် မန်နားရပ်ကွက်တွင် လမ်း (၂)ခုခင်းပေးခြင်း၊ တံတား (၂)စင်းနှင့် ရေမြောင်းများ ဖောက်လုပ်ပြုပြင်ပေးခြင်းတို့ကို တူးဖော်ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ ပြုပြင်ရေးလုပ်ငန်းများသည် စာရေးတန်းရပ်ကွက်ရှိ လမ်း (၁)ခုနှင့် တံတား (၁)စင်းကို အောင်မြင်စွာ ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ပြီး မိဘပြည်သူလူထုများ၏ သွားလာရေးကိုလည်း ပိုမိုလုံခြုံချောမွေ့သွားစေရန် အထောက်အကူပြုလျက်ရှိပါသည်။ 


ထို့နောက် ကျန်ရှိနေသော မန်နားရပ်ကွက်ရှိ လမ်း (၁)ခု၊ တံတား (၁)စင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို လက်ရှိတွင် ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိခဲ့သည်။


အလားတူ ပြီခဲ့သည့် ဧပြီလ (၂၈)ရက်နေ့လည်း မန်တုံမြို့အတွင်း မြို့မရပ်ကွက်ရှိ ချယ်ရီလမ်းနှင့် အောင်ချမ်းသာရပ်ကွက်လမ်းရှိ လမ်းများကို မြို့နယ်စည်ပင်သာယာရေအဖွဲ့မှ ဦဆောင်ပြီး စနစ်တကျပြုပြင်ဆောင်ရွက်ပြီးစီးခဲ့သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိဘပြည်သူလူထုများ၏ သွားလာရေးကို ချောမွေ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်၍ စနစ်တကျဆောင်ရွက်လျက်ရှိနေပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်များ ပျက်စီးယိုယွင်းနေသော လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်