1853

မန်တုံမြို့တွင် အရက်သေစာသောက်စားပြီး အချင်းချင်းရန်ဖြစ်စကားများသောကြောင့် လူသတ်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
06 May 2026

မန်တုံမြို့တွင် အရက်သေစာသောက်စားပြီး အချင်းချင်းရန်ဖြစ်စကားများသောကြောင့် လူသတ်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး


မန်တုံ၊ မေ ၆ ရက်

တအာင်းပြည်သတင်း 


တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့တွင် အလုပ်လုပ်နေသည့် အမျိုးသား (၃)ဦးသည် အရက်သေစာသောက်စားပြီး အချင်းချင်းရန်ဖြစ်စကားများခဲ့သောကြောင့်  လူသတ်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံးသွားခဲ့ပါသည်။



ဖြစ်စဉ်တွင် ပြီးခဲ့သည့် မေလ (၂)ရက်နေ့၌ ပန်းရံအလုပ်လုပ်နေသည့် အမျိုးသား (၃)ဦးသည် လုပ်ငန်းခွင်နေအိမ်တွင် အရက်‌သေစာသောက်စားကာ မောင်သန်းဌေးနှင့် မောင်အောင်ကိုဦးတို့က ရန်ဖြစ်စကားများခဲ့ပြီး ဦးမင်းက ဝင်ရောက်တားဆီးခဲ့သည်။


အဆိုပါ ရန်ဖြစ်ပွားသူ (၂)ဦးကြားတွင် ဝင်ရောက်တားဆီးသည့် ဦးမင်းက တုတ်ချောင်းဖြင့် မောင်အောင်ကိုဦး၏ ဦးခေါင်းကို ရိုက်နှက်မှုကြောင့် ဦးခေါင်းညာဘက်တွင် ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။


ထိုအခင်းဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရသူကိုလည်း ဆေးကုရန် ပို့ဆောင်ခဲ့သော်လည်း  ည (၉း၀၀)နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ပါသည်။ 


၎င်းပြစ်မှုကျူးလွန်သူ ဦးမင်းအား မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် အရက်သေစာသောက်စားပြီး အချင်းချင်းရန်ဖြစ်စကားများသောကြောင့် လူသတ်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်