1852

နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLAမှ တအာင်းစာသင်ကြားပေးဆရာ/မများကို စွမ်းရည်မြှင့် အပတ်စဥ် (၁)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
05 May 2026

နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLAမှ တအာင်းစာသင်ကြားပေးဆရာ/မများကို စွမ်းရည်မြှင့် အပတ်စဥ် (၁)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပြီးစီး 


နမ့်ခမ်း၊ မေ ၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLAမှ ဦးဆောင်၍ တအာင်းစာသင်ကြားပေးနေသည့် ဆရာ/မများကို စွမ်းရည်မြှင့် အပတ်စဥ် (၁)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။ 


အဆိုပါ ဆရာ/မ စွမ်းရည်မြှင့်သင်တန်းကို ပြီးခဲ့သည့် ဧပြီလ (၂၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး မေလ (၂)ရက်နေ့အထိ သင်တန်းကာလ (၁၂)ရက်ကြာ သင်ကြားပေးခဲ့သည်။ ထိုသင်တန်းတွင် ဆရာ/မများ စုစုပေါင်းလူဦးရေ (၂၃)ဦးတက်ရောက်သင်ကြားခဲ့သည်။ 


ထိုနောက် တအာင်းစာအဖွဲ့-TLAမှ သင်တန်းကာလအတွင်း ထူးချွန်းသည့် ဆရာ/မများကို ဆုပေးခြင်းနှင့် သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း ဆရာဖြစ်သင်တန်းဆင်းလက်မှတ် (Certificates)များလည်း ပေးအပ်ခဲ့ပါသည်။


၎င်းသင်တန်းဆင်းပွဲကို တအာင်းစာအဖွဲ့- TLAမှ တာဝန်ရှိသူများ၊ သင်တန်းသူ/သားများနှင့် သင်ကြားပေးနေသည့် ဆရာ/မများအပါအဝင် စုစုပေါင်းလူဦးရေ (၄၀)ဦးကျော် တက်ရောက်ခဲ့ပါသည်။


ဤစွမ်းရည်မြှင့်သင်တန်း အပတ်စဥ် (၁)သင်တန်းကို တက်ရောက်လာကြသည့် ဆရာ/မများသည် တအာင်းစာအဖွဲ့-TLAမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် (TOT) ဆရာဖြစ်သင်တန်း အပတ်စဥ် (၂)၊ အပတ်စဥ် (၃)၊ အပတ်စဥ် (၄)နှင့် အပတ်စဥ် (၅)တို့ကို တက်ရောက်ပြီးမြောက်ခဲ့သူများ ဖြစ်ကြပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLAမှ တအာင်းစာသင်ကြားပေးဆရာ/မများကို စွမ်းရည်မြှင့် အပတ်စဥ် (၁)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်