1845

တအာင်းပြည်တွင် ဧပြီလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၉)ဦး ဖမ်းဆီးနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
04 May 2026

တအာင်းပြည်တွင် ဧပြီလအတွင်း  တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၉)ဦး ဖမ်းဆီးနိုင်ခဲ့


နမ့်ဆန်၊ မေ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊  နမ့်ခမ်း၊ မိုင်းလုံ၊ နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် ဧပြီလတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၉)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။


နမ့်ခမ်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ (၄)ရက်နေ့၌ မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၂)ဦးနှင့် သုံးစွဲသူ (၈)ဦးတို့ထံမှ စိတ်ကြွဆေးပြာ (၁၈၂)ပြား၊ မူးယစ်ဆေးဝါးသက်သေခံပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့သည်။


အလားတူ မိုင်းလုံမြို့နယ်လည်း ပြီးခဲ့သည့် ဧပြီ (၅)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသည့် အမျိုးသား (၁)ဦးထံမှ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၃၈၆)ခွက်၊ အခြားသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။


ထို့အပြင် ဧပြီလ (၇)ရက်နေ့လည်း  မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဖြန့်ဖြူးသူ အမျိုးသမီး (၁)ဦးထံ ဘိန်းဖြူထည့်ထားသောဆပ်ပြာခွက် (၁၄၂)ခွက်နှင့် စိတ်ကြွဆေးပြား အထုပ် (၁)ထုပ်တိုကို ထပ်မံဖမ်းဆီးရမိခဲ့သည်။


နမ့်ဆန်မြို့နယ်တွင်လည်း ပြီးခဲ့သည် ဧပြီလ (၁၁)ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁)ဦး ဖမ်းဆီးရမိခဲ့သည်။


ထို့အပြင် မိုင်းငေါ့မြို့နယ်၊ တိုမွန်ကျေးရွာတွင် ဧပြီလ (၂၃)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်၌ မူးယစ်ဆေးဝါးရောင်းဝယ်နေသည့်သတင်းရရှိကာ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာမှ အသက် (၅၈)နှစ်အရွယ် ဦးအိုက်လူထံ စိတ်ကြွဆေးပြား အထုပ် (၃)ထုပ်နှင့် ဘိန်းမည်း (အဆီခဲ-၁၀၉.၀)ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်မှုများ လျော့နည်းစေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။ ထိုအပြင် တရားဥပဒေစိုးမိုးမှုကို ခိုင်မာစေရန်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် လူမှုဘဝ အရည်အသွေးများ တိုးတက်လာစေရန်ကိုလည်း ရည်ရွယ်ထားပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် ဧပြီလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၉)ဦး ဖမ်းဆီးနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်