1839

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဧပြီလအတွင်း ကျေးရွာပေါင်း (၃၇) ရွာတွင် ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
30 April 2026

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဧပြီလအတွင်း ကျေးရွာပေါင်း (၃၇) ရွာတွင် ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့

နမ့်ဆန်၊ ဧပြီ ၃၀ ရက်
တအာင်းပြည်သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုး တက်ရေးဌာနသည် ဧပြီလအတွင်း ကျေးရွာပေါင်း (၃၇) ရွာရှိ ပြည်သူလူထုများထံ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။

ထိုအသိပညာပေးကွင်းဆင်းရာတွင် မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၂၂)ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၄)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ(၁)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၈)ရွာ၊ ကျောက်မဲမြို့နယ်ရှိ ကျေးရွာ (၂)ရွာတို့ဖြစ်ကြသည်။

အဆိုပါမြို့နယ် (၅)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၁၆၂၆)ဦးအား အမျိုးသမီးနှင့် ပညာရေး၊ စောစီးစွာအိမ်ထောင်ကျခြင်းနှင့် Online ကျားဖြန့်စသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။

PSLF/TNLA ၏ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးကို အဓိကထား၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျှော့ချရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေး စည်းရုံးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှု တိုးတက်ရေး အစီအစဉ်များကို ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်းလည်း နမ့်ခမ်းမြို့နယ်ရှိကျေးရွာ (၂) ရွာ၊ မိုင်ဝီးမြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၆) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၁၂) ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂) ရွာနှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာ (၁) ရွာတို့ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၁၁၈၉)ဦးအား အသိပေးပညာပေး ကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဧပြီလအတွင်း ကျေးရွာပေါင်း (၃၇) ရွာတွင် ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်