1810

နမ့်ခမ်းမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၇)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
06 April 2026

နမ့်ခမ်းမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၇)ဦး ဖမ်းဆီးရမိ 


နမ့်ခမ်း၊ ဧပြီ ၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ(၇)ဦးတိုကို ဖမ်းဆီးရမိခဲ့သည်။ 





မတ်လ (၃၁) ရက်နေ့ မွန်းလွဲ (၁း၄၅) နာရီခန့်တွင် နမ့်ခမ်းမြို နောင်စန်းကုန်းရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် ရှောင်တခင် စစ်ဆေးခဲ့ရာ အသက် (၃၆) နှစ်အရွယ် ဦးစန်ကျော်လိက်ထံမှ စိတ်ကြွဆေးပြား (၁၈၂) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ထိုနောက် မွန်းလွဲ (၂း၀၀) နာရီခန့်တွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများဖြစ်သည့် အသက် (၂၇) နှစ် ဦးအိုက်နိုင်၊ အသက် (၃၂) နှစ် ဦးချစ်ထွန်း၊ အသက် (၃၇) နှစ် ဦးစိုင်းရောန၊ အသက် (၂၁) နှစ် မောင်မြင့်ဟိန်း၊ အသက် (၃၂) နှစ် ဦးမျိုးဝင်းထွန်း၊ အသက် (၃၂) နှစ် ဦးအိုက်အောင်နှင့် အသက် (၃၃) နှစ် ဦးမာဘရန်းတိုကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


၎င်းတိုကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ထိုအပြင် မတ်လ (၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကာလအတွင်းလည်း နမ့်ခမ်းမြိုနယ်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၇) ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်မှုများ လျော့နည်းစေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။ ထိုအပြင် တရားဥပဒေစိုးမိုးမှုကို ခိုင်မာစေရန်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် လူမှုဘဝ အရည်အသွေးများ တိုးတက်လာစေရန်ကိုလည်း ရည်ရွယ်ထားပါသည်။



Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV



#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၇)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်