1808

တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူများနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့သည့် PSLF/TNLA အရာရှိ၊ အရာခံများအား တွေ့ဆုံဂုဏ်ပြုပွဲ ကျင်းပခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
04 April 2026

တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူများနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့သည့် PSLF/TNLA အရာရှိ၊ အရာခံများအား တွေ့ဆုံဂုဏ်ပြုပွဲ ကျင်းပခဲ့


မန်တုံ၊ ဧပြီ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြိုတွင် တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူများနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့သည့် PSLF/TNLA အရာရှိ၊ အရာခံများနှင့် ရဲဘော်များအား ရည်ရွယ်၍ တွေ့ဆုံဂုဏ်ပြုပွဲတစ်ရပ်ကို မတ်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။




PSLF/TNLA မှ ဂုဏ်ပြုပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတိုအတွက် အနစ်နာခံ ပေးဆပ်ခဲ့သည့် အရာရှိ၊ အရာခံနှင့် ရဲဘော်များ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းနှင့် ၎င်းတိုအား စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတိုဖြစ်သည်။





အဆိုပါ အခမ်းအနားသို PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်တို တက်ရောက်၍ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ကြသည်။




ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ တအာင်းပြည်တည်ထောင်ရေးလုပ်ငန်းစဉ်တွင် အခက်အခဲများနှင့် ကြီးမားသော အရင်းအနှီးများကို ရင်ဆိုင်ခဲ့ရသည်။ တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုးခဲ့သည့် အရာရှိ၊ အရာခံနှင့် ရဲဘော်များအတွက် တွေ့ဆုံပွဲများ စီစဉ်ပေးခဲ့သည့် စစ်ဦးစီးဌာနအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုးခဲ့ရသူများအနေဖြင့် ပညာရေးနှင့် နည်းပညာပိုင်းများတွင် ဆက်လက်သင်ယူ တိုးတက်ရန်လိုအပ်ကြောင်း၊ ကွန်ပျူတာနှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုများလည်း မဖြစ်မနေလိုအပ်ကြောင်းနှင့် စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခိုင်ခိုင်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။




စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ တော်လှန်ရေးကာလအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့သည့် အရာရှိ၊ အရာခံနှင့် ရဲဘော်များသည် တအာင်းသူရဲကောင်းများဖြစ်ပြီး၊ ၎င်းတို၏ ပေးဆပ်မှုများသည် တအာင်းလူမျိုးတစ်မျိုးလုံးအတွက် ဖြစ်ကြောင်းနှင့် ၎င်းတိုအား ဆက်လက် ကူညီစောင့်ရှောက်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။




အခမ်းအနားအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှ စတင်၍ ညီနောင်မဟာမိတ်များနှင့်အတူ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး (Operation) 1027 (1) နှင့် (2) တိုက်ပွဲများအပြင် ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲကာလများတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့သည့် အရာရှိ၊ အရာခံနှင့် ရဲဘော်များအား ဂုဏ်ပြုအမှတ်အသားများ ပေးအပ်ကာ အသိအမှတ်ပြုခဲ့ကြသည်။ ထိုကဲ့သို အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါများအထိ စွန့်လွှတ်အနစ်နာခံခဲ့ကြသော ခေါင်းဆောင်များ၊ အရာရှိ၊ အရာခံများနှင့် ရဲဘော်များ၏ ပေးဆပ်မှုများကို PSLF/TNLA အနေဖြင့် မမေ့မလျော့ဘဲ အမြဲတမ်းဂုဏ်ယူလေးစားလျက်ရှိမည်ဖြစ်ပြီး၊ ၎င်းတို၏ စွန့်လွှတ်အနစ်နာမှုများသည် တအာင်းတစ်မျိုးသားလုံး၏ သမိုင်းတွင် အမြဲတမ်း မှတ်တမ်းတင်ထားမည် ဖြစ်သည်။




အဆိုပါ အခမ်းအနားသို PSLF/TNLA မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲဘော်များ၊ ဒဏ်ရာရရှိသူများနှင့် ၎င်းတို၏ မိသားစုဝင်များ စုစုပေါင်း လူဦးရေ (၇၀၀) ဝန်းကျင် တက်ရောက်ခဲ့ပြီး တိုက်ပွဲအတွင်း ပြသခဲ့သည့် စွမ်းဆောင်မှုများ၊ သတ္တိနှင့် အနစ်နာခံမှုများအား အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြသည်။




ထိုပြင် တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့သည့် အရာရှိ၊ အရာခံနှင့် ရဲဘော်များ စုစုပေါင်း (၃၄၉) ဦးရှိပြီး အခမ်းအနားအတွင်း PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်းနှင့် အားပေးစကားများ ပြောကြားခဲ့သည်။


ထိုကြောင့် PSLF/TNLA အနေဖြင့် တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးဟူသော ရည်မှန်းချက်များကို ယနေ့တိုင် ဆက်လက်အကောင်အထည်ဖော် လျှောက်လှမ်းလျက်ရှိပြီး ယနေ့ရရှိထားသည့် အခြေအနေများသည် ခေါင်းဆောင်များ၊ အရာရှိ၊ အရာခံများ၊ ရဲဘော်နှင့် ရဲမေများ၏ အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါများပေးဆပ်ကာ ဆောင်ရွက်ခဲ့သည့် စွန့်လွှတ်အနစ်နာမှုများ၏ ရလဒ်ဖြစ်ကြောင်း မမေ့မလျော့ရမည် ဖြစ်သည်။ ထိုအနစ်နာခံမှုများကို အခြေခံ၍ တအာင်းတစ်မျိုးသားလုံး၏ မျှော်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူများနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့သည့် PSLF/TNLA အရာရှိ၊ အရာခံများအား တွေ့ဆုံဂုဏ်ပြုပွဲ ကျင်းပခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်