1799

မိုင်းငေါ့မြိုနယ်တွင် မတ်လအတွင်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၉)ဦးနှင့် ရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
30 March 2026

မိုင်းငေါ့မြိုနယ်တွင် မတ်လအတွင်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၉)ဦးနှင့် ရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိ


မိုင်းငေါ့၊ မတ်လ  ၃၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြိုနယ်တွင် မတ်လတစ်လအတွင်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၉)ဦးနှင့် ရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိခဲ့သည်။


ပြီးခဲ့သည့် မတ်လ (၈)ရက်တွင် မူးယစ်ဆေးဝါး‌ရောင်းဝယ်နေသည့် ဒေါ်သန်းသန်းဌေးထံ (WY)စာတန်းပါ ယာမစိတ်ကြွဆေးပြား (၂၉၅)ပြားကို ဖမ်းဆီးရမိခဲ့ပြီး  မတ်လ (၂၅) ရက်တွင်လည်း ဦးသိန်းဟန်ထံ (WY)စာတန်းပါ ယာမစိတ်ကြွဆေးပြား (၁၈၀)ပြားကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။


ထိုအပြင် မိုင်းငေါ့မြိုနယ် မတ်လ (၂၁) ရက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အသက် (၃၉) နှစ်ဒေါ်အေးပီကို ဖမ်းဆီးရမိခဲ့ပြီး မတ်လ (၂၂) ရက်တွင် အသက် (၁၉) နှစ် မောင်လှမောင်၊ အသက် (၃၀) နှစ် ကိုစိုးအောင်၊ အသက် (၂၉) နှစ် ကိုကျော်မောင်၊ အသက် (၂၆)နှစ် ကိုလောက်မိန်း၊ အသက် (၃၂) နှစ် ဦးကျော်ရဲသူ၊ အသက် (၁၉) နှစ် မောင်အိုက်ခေး၊ အသက် (၂၃)နှစ် ကိုဖိုးအောင်၊ အသက် (၁၅) နှစ် မောင်ပန်ဆန်း၊ အသက် (၃၈) နှစ် ဦးအောင်ချမ်းနှင့် အသက် (၄၅) နှစ်ဦးအောင်ခင်တိုကို တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ ကင်းလှည့်ဆောင်ရွက်စဉ်  စုစုပေါင်း (၁၁) ဦး ဖမ်းဆီးရမိခဲ့သည်။


ထိုနောက် မတ်လ (၂၃)ရက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက်(၃၀)နှစ် ဦးဆိုင်းသိန်းမောင်၊ အသက် (၄၀)နှစ် ဦးကျော်သိန်း၊ အသက် (၄၅)နှစ် ဦးအောင်မြင့်ဦး၊ အသက် (၃၀)နှစ် ဦးအောင်လီဦး၊ အသက် (၃၅)နှစ် ဦးအိုက်ဟ၊ အသက် (၅၉)နှစ် ဦးဆာအောင်၊ အသက် (၃၅)နှစ် ဦးအိုက်ကောင်းနှင့် အသက် (၅၄)နှစ် ဦးကျော်ဦးတိုအား စုစုပေါင်း(၈)ဦးတိုကို တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ ကင်းလှည့်ဆောင်ရွက်နေစဉ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်သူများအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်မှုများ လျော့နည်းစေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။ ထိုအပြင် တရားဥပဒေစိုးမိုးမှုကို ခိုင်မာစေရန်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် လူမှုဘဝ အရည်အသွေးများ တိုးတက်လာစေရန်ကိုလည်း ရည်ရွယ်ထားပါသည်။



Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့မြိုနယ်တွင် မတ်လအတွင်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၉)ဦးနှင့် ရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်