1794

တအာင်းပြည်တွင် ဖွင့်လှစ်မည့် Tealand Medical School (M.B.B.S) အပတ်စဉ် (၁) တွင် လျှောက်ထားသူများအနေဖြင့် ဖြေဆိုခွင့်ရရှိသူများအား TMS Student Code No ဖြင့် အသိပေးကြေညာချက်

ဒေသတွင်းသတင်း / ဒေသတွင်း
26 March 2026

တအာင်းပြည်တွင် ဖွင့်လှစ်မည့် Tealand Medical School (M.B.B.S) အပတ်စဉ် (၁) တွင် လျှောက်ထားသူများအနေဖြင့် ဖြေဆိုခွင့်ရရှိသူများအား TMS Student Code No ဖြင့် အသိပေးကြေညာချက်


နမ့်ဆန်၊ မတ်လ ၂၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်တွင် ဖွင့်လှစ်မည့် “Tealand Medical School” ၏ ဆေးပညာဘွဲ Bachelor of Medicine, Bachelor of Surgery (M.B.B.S) အပတ်စဉ် (၁) အတွက် လျှောက်ထားသူများအနက် စာမေးပွဲဖြေဆိုခွင့်ရရှိသူများအား လျှောက်လွှာတင်စဉ်တွင် ဖြည့်သွင်းထားသည့် Email များမှတဆင့် TMS Student Code No ဖြင့် အကြောင်းကြားစာများ ပေးပိုထားပြီးဖြစ်သည်။




ထိုကြောင့် လျှောက်ထားသူများအနေဖြင့် မိမိတို၏ Email များကို ဝင်ရောက်စစ်ဆေး၍ အကြောင်းကြားစာ ရရှိမှုကို အတည်ပြုကြရန် လိုအပ်ပါသည်။






အဆိုပါ စာမေးပွဲဖြေဆိုခွင့်ရရှိသူများကို မတ်လ (၂၃) ရက်နေ့တွင် ကြေညာထားပြီး ဖြစ်သည်။ စာမေးပွဲကဒ်များကို ဧပြီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ထုတ်ပေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို ဧပြီလ (၆) ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ထိုနောက် နှုတ်ဖြေစာမေးပွဲကို ဧပြီလ (၇) ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ဝင်ခွင့်အောင်စာရင်းကို ဧပြီလ (၂၀) ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပါသည်။ ဆေးကျောင်း ဝင်ခွင့်အောင်မြင်သူများအနေဖြင့် မေလ(၁)ရက်နေ့တွင် ကျောင်းသို ရောက်ရှိရမည်ဖြစ်ပြီး မေလ (၄) ရက်နေ့တွင် ဖွင့်လှစ်မည့် ဆေးကျောင်းအား တက်ရောက်ရမည်ဖြစ်ပါသည်။


ထိုပြင် ကျောင်းသူ/သားများအနေဖြင့် ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်၍ မေးမြန်းလိုသည့် အချက်အလက် များ ရှိပါက Tealand Medical School ၏ Official Facebook Page၊ Telegram Account နှင့် Email တိုမှတဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ထပ်မံအသိပေး အပ်ပါသည်။


၎င်း Tealand Medical School ဖွင့်လှစ်မည့် ပထမအပတ်စဉ်(၁)တွင် လာမည့် မေလ ၄ ရက်နေ့၌ စတင်မည်ဖြစ်ပါသည်။ ထိုကျောင်းအား အရည်အသွေးမြင့် သင်ကြားမှုကို ထိန်းသိမ်းနိုင်ရန် ကျောင်းသား/သူ(၃၀) ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်သလို သင်တန်းကာလ စာသင်နှစ် (၆) နှစ်နှင့် အလုပ်သင်ကာလ (၁) နှစ်ပါဝင်ပြီး စုစုပေါင်း (၇) နှစ်ကြာမြင့်မည်ဖြစ်သည်။  


Tealand Medical School (M.B.B.S) အပတ်စဉ် (၁) သည် တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများအတွက် အရည်အသွေးပြည့်မှီ၍ စိတ်ချလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် ရည်ရွယ်၍ အရည်အချင်းပြည့်ဝသော ဆေးပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားမည့် အဖွဲအစည်းတစ်ရပ် ဖြစ်ပါသည်။ 


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် ဖွင့်လှစ်မည့် Tealand Medical School (M.B.B.S) အပတ်စဉ် (၁) တွင် လျှောက်ထားသူများအနေဖြင့် ဖြေဆိုခွင့်ရရှိသူများအား TMS Student Code No ဖြင့် အသိပေးကြေညာချက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်