1782

မိုင်းဝီးမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
07 March 2026

မိုင်းဝီးမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးဖမ်းဆီးရမိ


မိုင်းဝီး၊ မတ်လ ၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၅)ဦး ဖမ်းဆီးရမိခဲ့သည်။


ယမန်နေ့ မတ်လ (၅)ရက်နေ့ ညနေ (၄:၂၀)နာရီအချိန်တွင် မြိုနယ်ရဲတပ်ဖွဲသည် မိုင်းဝီးမြိုအတွင်း ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဥ် အသက် (၅၅)နှစ်အရွယ် ဒေါ်မာထုထံမှ ဘိန်းဖြူ ထည့်ထားသည့် ပင်နီစီလင်ဗူး (Penicillin) တစ်ဝက်ကို လည်းကောင်း၊ အသက် (၃၄)နှစ်အရွယ် ဦးညမ်းကြွယ်ထံမှ ဘိန်းဖြူထည့်ထားသော ဗူးသေးတစ်ဗူးကို လည်းကောင်း၊ အသက် (၄၅)နှစ်အရွယ် ဦးအဆွေထံမှ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများ ဖုန်း (၁)လုံးကို သိမ်းဆည်းရမိခဲ့ပါသည်။


ထိုအပြင် မတ်လ (၄)ရက်နေ့လည်း မိုင်းဝီးမြိုနယ်၊ ပန်ဆပေကျေးရွာလမ်းခွဲ၌ မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေချိန် အသက် (၄၆)နှစ်အရွယ် ဦးအယီ၊ အသက် (၄၂)နှစ်အရွယ် ဦးနိုင်မွန်းနှင့် အသက် (၃၆)နှစ်အရွယ် ဦးညီပေတိုထံ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများ၊ ဖုန်း (၃) လုံးနှင့် ငွေသား (၂၇၀,၀၀၀)ကျပ်တိုကို သိမ်းဆည်းရမိခဲ့သည်။


၎င်းတိုကို တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလလည်း နမ့်ခမ်း၊ မူဆယ်မြို၊ မိုင်းလုံမြိုနယ်တွင် တအာင်းပြည်မြိုနယ် ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅) ဦး ဖမ်းဆီးနိုင်ခဲ့သည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: မိုင်းဝီးမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်