1745

မိုင်းလုံတွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ မြိုနယ်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုတွေ့ဆုံနွေးဆွေးပွဲပြုလုပ်

ဒေသတွင်းသတင်း
08 February 2026

မိုင်းလုံတွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ မြိုနယ်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုတွေ့ဆုံနွေးဆွေးပွဲပြုလုပ်


မိုင်းလုံ၊ ဖေဖော်ဝါရီ ၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြိုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ မြိုနယ်ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကြား တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၅) ရက်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲအတွင်း မြိုနှင့် ရပ်ကွက်များအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ မြိုပြသာယာလှပရေး၊ လမ်းများနှင့် တံတားများ ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးစသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


 ထိုအပြင် မြိုနှင့် ရပ်ကွက်များ အေးချမ်းသာယာရေးကို ပိုမိုလုပ်ဆောင်သွားရန်နှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြသည်။


ထိုနောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြိုနယ်ကော်မတီဝင်များမှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ရပ်ရွာ၊ မြို၊ ရပ်ကွက် ဖွံဖြိုးရေးလုပ်ငန်းများ၏ အခြေအနေများကို တင်ပြခဲ့ကြပြီး၊ ၂၀၂၆ ခုနှစ်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံဖြိုးရေးနှင့် အေးချမ်းသာယာရေးလုပ်ငန်းစီမံကိန်းများကိုလည်း အပြန်အလှန်ညှိနှိင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲ၊ သက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြိုနယ်ကော်မတီဝင်များ အပါအဝင် စုစုပေါင်း လူဦးရေ (၂၀)ဦးကျော် တက်ရောက်ခဲ့ကြသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံတွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ မြိုနယ်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုတွေ့ဆုံနွေးဆွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်