တအာင်းပြည်တွင် ၂၀၂၅ခုနှစ်အတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၂၄၇၁)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်၊ ဇန်နဝါရီ ၂၆ရက်
တအာင်းပြည်တွင် ၂၀၂၅ခုနှစ် တစ်နှစ်တာအတွင်း နမ့်ဆန်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်နှင့် မိုင်းယော်မြို့နယ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၃၁၆)ဦးနှင့် သုံးစွဲသူ (၂၁၅၅)ဦး ဖမ်းဆီးနိုင်ခဲ့ပါသည်။
အဆိုပါနမ့်ဆန်ခရိုင်အတွင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းဘော်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆၀)ဦးနှင့် သုံးစွဲသူ (၄၇၈)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ထိုအပြင် ကျောက်မဲခရိုင်ရှိ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅၇)ဦးနှင့် သုံးစွဲသူ (၄၁၇)ဦးဖမ်းဆီးနိုင်ခဲ့ပြီး မိုးကုတ်ခရိုင်အတွင်းရှိ မိုးကုတ်၊ မိုးမိတ်နှင့် မိုင်းလုံမြို့နယ်လည်း ရှောင်တခင်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၂၁)ဦးနှင့် သုံးစွဲသူ (၇၆၄)ဦးတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။
အလားတူ ကွတ်ခိုင်ခရိုင်ရှိ ကွတ်ခိုင်၊ နမ့်ဖတ်ကာနှင့် မန်ဂျယ်မြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၈)ဦးနှင့် သုံးစွဲသူ (၆၂)ဦး ဖမ်းဆီးနိုင်ခဲ့ပါသည်။
နမ့်ခမ်းခရိုင်အတွင်းရှိ နမ့်ခမ်း၊ မူဆယ်နှင့် မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆၄)ဦးနှင့် သုံးစွဲသူ (၃၅၈)ဦးဖမ်းဆီးနိုင်ခဲ့ပြီး မိုင်းယော်မြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ် မူးယစ်ရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၇၆)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်သွားမည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ