1724

မိုင်းဝီးမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၄)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း
23 January 2026

မိုင်းဝီးမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးသုံးစွဲသူ (၄)ဦး ဖမ်းဆီးရမိ

နမ့်ခမ်း၊ ဇန်နဝါရီ ၂၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့တွင်  တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၄)ဦးကို ဖမ်းဆီးရမိခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ (၁၇)ရက်နေ့ ည (၇း၀၀)နာရီအချိန်၌ မြို့အတွင်း ရှောင်တခင်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးသုံးစွဲနေသူ အသက် (၂၉)နှစ်အရွယ် ဦးကျန်အိုက်မွန်း၊ အသက် (၁၉)နှစ်အရွယ် မောင်ပန်းအောင်၊ အသက် (၂၃)နှစ်အရွယ် ဒေါ်အေစိန်အေးတို့ထံ စိတ်ကြွဆေးပြား (၁၄၇)ပြားနှင့် မူးယစ်ဆေးဝါးဆက်စပ်သည့်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ထိုအပြင်  တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ (၁၈)ရက်နေ့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၈)နှစ်အရွယ်  ဦးယိုင်မြတ်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦး နှင့် သုံးစွဲသူ (၂၄)ဦး ဖမ်းဆီးနိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းဝီးမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၄)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်