1716

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ နှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မှတ်တမ်းတင် ကျေးဇူးတင်ပါကြောင်း

ဒေသတွင်းသတင်း / ဒေသတွင်း
14 January 2026

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ နှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မှတ်တမ်းတင် ကျေးဇူးတင်ပါကြောင်း

တအာင်းပြည်၊ ဇန်နဝါရီလ ၁၄ရက်
ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကျရောက်ခဲ့သော (၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မှတ်တမ်းတင် အထူးကျေးဇူးတင်ရှိပါသည်။



















(၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် -
1) မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)
2) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန
3)  အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
4) မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)
5) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် - BPLA
6) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA
7) စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်
8) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - DPLF//DPLA
9) အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျောက်မဲခရိုင်
10) နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA
11) ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (N.S.S.A.A)
12) နိုင်ငံတကာရောက် တအာင်းအဖွဲ့အစည်း- ITC
13) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC
14) မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်(NMSP-AD/RMA)
15) တအာင်းပြည်ကောင်စီ - TLC
16) ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ
17) ဗမာ့တပ်တော် BAMAR ARMY
18)ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) 
29) International Ta’ang Community (ITC)
20) ပြည်သူ့တော်လှန်ရေးတပ်ဉီး -  PRF  တို့မှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာများလည်း မိမိတို့ PSLF/TNLA အဖွဲ့အစည်းမှ လက်ခံရရှိခဲ့ပါသည်။

အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အပါအဝင် တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝလွတ်မြောက်ရေးနှင့် တအာင်းပြည်နယ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသည့် မိမိတို့ PSLF/TNLA အဖွဲ့အစည်းထံ မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ပေးပို့ကြသော ဂုဏ်ပြုသဝဏ်လွှာများကို မှတ်တမ်းတင်ထားပြီး ၎င်းအဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ရှိပါသည်။





































#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ နှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မှတ်တမ်းတင် ကျေးဇူးတင်ပါကြောင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်