မိုင်းငေါ့မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၁)ပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၁၅)ဦး ဖမ်းဆီးရမိ
နမ့်ဆန်၊ ဒီဇင်ဘာ ၂၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၁)ပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား(၁၅)ဦး ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသားများသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့တွင် အသက် (၅၁)နှစ်အရွယ် ဦးကျော်ဦး၊ အသက် (၄၃)နှစ်အရွယ် ဦးအောင်ကိုထွန်း၊ အသက် (၃၉)နှစ်အရွယ် ဦးထွန်းယဉ်၊ အသက် (၂၂)နှစ်အရွယ် ဦးဆိုင်အွန်၊ အသက် (၃၀)နှစ်အရွယ် ကိုစိုင်းအောင်၊ အသက် (၅၂)နှစ်အရွယ် ဦးအခမ်းနှင့် အသက် (၄၀)နှစ်အရွယ် ဦးရွှေထွန်းတို့ဖြစ်ကြသည်။
အလားတူ ဒီဇင်ဘာ (၂၀)ရက်နေ့နှင့် (၂၃)ရက်နေ့လည်း အသက် (၂၅)နှစ်အရွယ် ကိုကျော်ငြိမ်း၊ အသက် (၁၇)နှစ်အရွယ် မိုင်းပိုင်းသက်ကျော်၊ အသက် (၂၀)နှစ်အရွယ် ကိုအောင်လွင်တို့ဖမ်းဆီးရမိခဲ့သည်။
ထိုအပြင် ဒီဇင်ဘာ (၂၄)ရက်တွင်လည်း အသက် (၄၁)နှစ်အရွယ် ဦးဇော်လှိင်၊ အသက် (၃၅)နှစ်အရွယ် ကိုအဝီး၊ အသက် (၂၉)နှစ်အရွယ် ကိုကျော်လွင်၊ အသက် (၂၇)နှစ်အရွယ် ကိုနိုင်ဝင်းနှင့် အသက် (၄၈)နှစ်အရွယ် ဦးကျော်လှိုင်တို့ဖမ်းဆီးရမိခဲ့သည်။
ထိုနောက် ၎င်းတိုကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူယစ်ဆေးဝါးသုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပြုပြင်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃)ရက်တွင်လည်း မိုင်းလုံမြို့နယ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ