1698

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၄၅)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
28 December 2025

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၄၅)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့


နမ့်ဆန်၊ ဒီဇင်ဘာ ၂၈ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၄၅)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။



ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ့်ဖက်ကာမြို့နယ်ရှိ ကျေးရွာ (၂၂)ရွာ၊ မူဆယ်မြို့နယ်ရှိ ကျေးရွာ (၁၇)ရွာ၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၅)ရွာနှင့် သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာတို့ကို ဖြစ်ကြပါသည်။


အဆိုပါမြို့နယ် (၄)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၃၁၃၈)ဦးတို့ကို အမျိုးသမီးနှင့်ပညာရေး၊ အမျိုးသမီးနှင့်မိသားစုစီမံကိန်း၊အမျိုးသမီးနှင့်မူးယစ်ဆေးဝါ၊ အမျိုးသမီးနှင့်အခွင့်အရေး၊ အိမ်ထောင်ပြုခြင်း သတိပြုရမည့်အရာများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာအသိပညာပေးမှုစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။



PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ချရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။


ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းလည်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၉)ရွာ၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၂၈)ရွာ၊ မန်တုံမြို့နယ် ကျေးရွာ (၈)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာနှင့် မိုင်းလုံမြို့နယ်ရှိ ကျေးရွာ (၃)ရွာတို့ကို ပြည်သူလူထုစုစုပေါင်း လူဦးရေး (၅၉၉၁)ဦးအား PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးပြုလုပ်ပေးနိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၄၅)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်