1665

မြစ်ဆုံကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င်ပြည်သူလူထု (၁၁)ဦးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
08 December 2025

မြစ်ဆုံကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င်ပြည်သူလူထု (၁၁)ဦးသေဆုံး

မိုးမိတ်၊ ဒီဇင်ဘာ ၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မိုးကုတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ၀င် ပြည်သူလူထု (၁၁)ဦးထိခိုက်သေဆုံးသွားခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ (၆)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်၌ မြစ်ဆုံကျေးရွာကို ဂျက်ဖိုက်တာ(၂)စီးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၂)ဦး၊အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၂)ဦးထိခိုက်သေဆုံးသွားခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇)ရက်နေ့လည်း စစ်ကောင်စီတပ်သည် မန်ကျည်းပင်ကျေးရွာတွင် ပေါင် (၅၀၀)ဗုံး (၁)လုံးနှင့် ပေါင် (၂၅၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထုနေအိမ် (၁)အိမ်ထိမှန်ပျက်စီးသွားခဲ့သည်။






ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မြစ်ဆုံကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င်ပြည်သူလူထု (၁၁)ဦးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်