1661

တအာင်းနှစ်သစ်ကူးကြိုဆိုပွဲ အထိမ်းအမှတ်တိုင်းရင်းသားချစ်ကြည့်ရေး ဘောလုံးပြိုင်ပွဲကျင်းပသည့် မြင်ကွင်း

ဒေသတွင်းသတင်း / ဒေသတွင်း
05 December 2025

တအာင်းနှစ်သစ်ကူးကြိုဆိုပွဲအထိမ်းအမှတ်တွင် တိုင်းရင်းသားချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲကျင်းပသည့် မြင်ကွင်း

နမ့်ခမ်း၊ ဒီဇင်ဘာ ၅ရက်
တအာင်းပြည်သတင်း

2717ခုနှစ် တအာင်းနှစ်သစ်ကူးကြိုဆိုပွဲ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲကို ဒီဇင်ဘာ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ (၄)ရက်တိတိ ကျင်းပပြုလုပ်ခဲ့သည့်မြင်ကွင်းဖြစ်ပါသည်။

အဆိုပါ တအာင်းနှစ်သစ်ကူးကြိုဆိုပွဲ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ကချင်၊ ရှမ်းနှင့် တအာင်းစသည့် လူငယ်ဘောလုံးအသင်းအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသောဘော်လုံးအသင်း စုစုပေါင်း (၄)သင်းပါဝင်ပြီး ထိုထဲတွင် တအာင်းလူငယ်အသင်းမှ ပထမဆုကို ဆွတ်ခူးသွားခဲ့ပြီး ကချင်လူငယ် အသင်းမှ ဒုတိယဆုရရှိသွားခဲ့ပါသည်။

အနိုင်ရရှိသွားသည့်အသင်းကို ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့မှ 2717 ခုနှစ်တအာင်းနှစ်သစ်ကူးနေ့တွင် အမှတ်တရဆုလက်ဆောင်များ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းနှစ်သစ်ကူးကြိုဆိုပွဲ အထိမ်းအမှတ်တိုင်းရင်းသားချစ်ကြည့်ရေး ဘောလုံးပြိုင်ပွဲကျင်းပသည့် မြင်ကွင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်