နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသားတစ်ဦး ဖမ်းဆီးရမိ
နမ့်ခမ်း၊ ဒီဇင်ဘာ ၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့၊ ပေါက်နေရပ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၃၀)ရက်နေ့ ညနေ (၆း၄၀)နာရီအချိန်၌ ပေါက်နေရပ်ကွက်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်လှည့်လည်စစ်ဆေးနေစဉ် အသက် (၄၉)နှစ်အရွယ် ဦးအာချိန်ဆိုသူ၏ ဆိုင်ကယ်ကိုစစ်ဆေးရာမှ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၂၂)ခွက်၊ ယာမဆေးပြား (၇၈)ပြား၊ ဖုန်း(Oppo) (၁)လုံး၊ ဓား (၁)လက်နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
၎င်းကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်းလည်း ကွက်ခိုင်၊ မိုးကုတ်၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၉)ဦးနှင့် သုံးစွဲသူ (၃၀)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ