မန်တုံနှင့် ကွတ်ခိုင်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁၀)ဦး ဖမ်းဆီးရမိ
မန်တုံ၊ နိုဝင်ဘာ ၂၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။
မန်တုံမြို့နယ်၊ ဟိုချက်ကျေးရွာနှင့် တောမော်ကျေးရွာကြားတွင် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၄)ရက်နေ့ ည (၁၀း၃၀)နာရီအချိန်၌ ရှောင်တခင်လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၆)နှစ်အရွယ် ဒေါ်နုမ်ခမ်းထံ ယာမဆေးပြား (၁၇၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုအပြင် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၁)နှစ်အရွယ် ဒေါ်ဆာ၊ အသက် (၃၅)နှစ်အရွယ် ဦးအိုက်ခို၊ အသက် (၄၈)အရွယ် ဦးဆန်ယုံ၊ အသက် (၃၈)နှစ်အရွယ် ဦးအယွန်း၊ အသက် (၄၃)နှစ်အရွယ် ဦးထွန်းတင်၊ အသက် (၅၂)နှစ်အရွယ် ဦးထွန်အောင်၊ အသက် (၄၂)နှစ်အရွယ် ဦးအညဏ်နှင့် အသက် (၃၃)နှစ်အရွယ် ဦးအလန်တို့ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်လှည့်လည်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၅)နှစ်အရွယ် ဦးအိုင်ကီနှင့် အသက် (၃၇)နှစ်အရွယ် ဦးဘောက်အောင်တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ