မန်ဆာကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
ကွတ်ခိုင်၊ နို၀င်ဘာ ၂၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ ကွတ်ခိုင်မြို့နယ်၊ မန်ဆာကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲကို နို၀င်ဘာ (၂၃)ရက်နေ့တွင် တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် သံယာတော် (၁၃)ပါး၊ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၁၃)ဦး စုစုပေါင်း (၃၄)ဦးတက်ရောက်သင်ကြားခဲ့ပြီး ဆုရရှိသည့်သူများကိုလည်း ဆုချီးမြှင့်ပေးခဲ့ပါသည်။

ထိုနောက် ၎င်းတို့ကိုလည်း တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက် အောင်မြင်ပြီး မြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

၎င်းသင်တန်းဆင်းပွဲကို ကွတ်ခိုင်မြို့နယ်ရှိဌာနဆိုင်ရာတာ၀န်ရှိသူများ၊ TLA တာဝန်ရှိသူများ၊ သင်တန်း သူ/သားများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀)ဦးဝန်းကျင် တက်ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတတ်၊ ရေးတတ်၊ ဆိုတတ်၊ သုံးတတ်နိုင်ရန်တို့ ဖြစ်ပါသည်။
ပြီးခဲ့သည့် နို၀င်ဘာ (၁၉)ရက်နေ့လည်း နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်တွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်သည့် သင်တန်းသား/သူ စုစုပေါင်း (၁၀၂)ဦးတို့ကို သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ