1631

နမ့်ဆန်မြို့တွင် သက်ငယ်မုဒိန်းမှုကျူး လွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း

ဒေသတွင်းသတင်း
23 November 2025

နမ့်ဆန်မြို့တွင် သက်ငယ်မုဒိန်းမှုကျူး လွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း

နမ့်ဆန်၊ နိုဝင်ဘာလ ၂၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့ ညနေပိုင် (၇း၀၀) နာရီအချိန်၌ အသက် (၂၄)အရွယ်ရှိ မိုင်းကျော်ဌေးသည် သူငယ်ချင်းအိမ်တွင် အရက်သေစာသောက်ကာ အလွန်မူးသောကြောင့် ၎င်းအိမ်တွင် တည်းခိုခဲ့ပါသည်။

ထိုနောက် ၎င်းအမျိုးသားသည် နိုဝင်ဘာ (၁၆)ရက်နေ့  နံနက်ပိုင်း (၂း၃၀)နာရီအချိန်တွင် ဆယ်ကျော်သက်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး၏ အိမ်ပေါ်ကိုတက်ပြီး ၎င်းအမျိုးသမီးကို အတင်းအဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါကိစ္စနှင်ပတ်သက်၍ အခြားပြည်သူလူထုများသိရှိအောင် ပြောပြလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ထိုနောက်တွင် မိသားစုများမှ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ပါသည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၆)ရက်နေ့တွင်  မုဒိန်းမှုကျူးလွန်သူအမျိုးသားကို သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး  တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေပါသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ (၁၈)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ အာရမ်းကျေးရွာတွင် သက်ငယ်မုဒိန်းမှုကျူးလွန်းခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် သက်ငယ်မုဒိန်းမှုကျူး လွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်