1623

ပန်ဟန်ကြီးနှင့် မိုင်းဝီးမြို့ကြားတွင် ပျက်စီးနေသောလမ်းကို ပြည်သူလူထုများစုပေါင်းပြုပြင်နေ

ဒေသတွင်းသတင်း / ဒေသတွင်း
18 November 2025

ပန်ဟန်ကြီးနှင့် မိုင်းဝီးမြို့ကြားတွင် ပျက်စီးနေသောလမ်းကို ပြည်သူလူထုများစုပေါင်းပြုပြင်နေ

မိုင်းဝီး၊ နိုဝင်ဘာလ ၁၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ ပန်ဟန်ကြီးရွာနှင့် မိုင်းဝီးမြို့ကြားတွင် ပျက်စီးနေသောလမ်းကို ပြည်သူလူထုများမှ စုပေါင်းပြီး ပြုပြင်ဆောင်ရွက်နေပါသည်။

အဆိုပါ လမ်းသည် မြေသားလမ်းဖြစ်သောကြောင့် မိုးရွာသီချိန်တွင် လမ်းသည်ရေမြောင်းပုံစံဖြစ်သွားခဲ့ပြီး ပြည်သူလူထုများမှ ဖြတ်သန်းသွားလာရန် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်နေကြရသည်။ ထိုကြောင့်  သွားလာရန်အဆင်ပြေစေရန်အတွက်  ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့တွင် ပန်ဟန်ကြီးကျေးရွာပြည်သူလူထု (၃၀၀)ဦးဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။


ထိုလမ်းမတွင် ပြည်သူလူထုများ၏စားဝတ်နေရေးအတွက် အဓိကအားထားရသည့် လမ်းတစ်ခုဖြစ်ပါသည်။ ထိုနောက် ပန်ဟန်ကြီးကျေးရွာမှ စယ်နေ၊ နမ့်စန်းနှင့် နမ့်တီးချောင်းတို့ သွားမည့်လမ်းများကိုလည်း  ဖြတ်သန်းသွားလာအဆင်ပြေစေရန် ပြည်သူလူထုများက ဆက်လက် ပြုပြင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာအစတွင် မိုင်းဝီး၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူမြို့နယ်ရှိ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့သောကြောင့် တံတားနှင့် လမ်းများပျက်စီးသွားခဲ့ကာ ပြည်သူလူထုများစိုက်ပျိုးထားသည့် သီးနှံများလည်း ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။ 


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေဌာန


Topics: ပန်ဟန်ကြီးနှင့် မိုင်းဝီးမြို့ကြားတွင် ပျက်စီးနေသောလမ်းကို ပြည်သူလူထုများစုပေါင်းပြုပြင်နေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်