မိုင်းလုံမြို့တွင် ဆိုင်ကယ်ခိုးသွားသည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
မိုင်းလုံ၊ နိုဝင်ဘာ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုးကုတ်ခရိုင်၊ မိုင်းလုံမြို့တွင် ဆိုင်ကယ်ခိုးသွားသည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
မိုင်းလုံမြို့နယ်၊ လွယ်အံကျေးရွာတွင်နေထိုင်သည့် အသက် (၂၄)နှစ်အရွယ် ကိုကျော်သက်ဦးသည် မိုင်းလုံမြို့အတွင်းသို့ အလုပ်လာလုပ်ရာမှ အလုပ်ကိုင်အဆင်မပြေတာကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ (၁၆)ရက်နေ့၌ ၎င်း၏ အလုပ်ရှင်မှ အပြင်သွားနေအချိန် အိမ်တွင်းရှိ ဆိုင်ကယ်(CANDA)တစ်စီးကို ခိုးယူပြီး ထွက်ပြေးသွားခဲ့သည်။
၎င်းအိမ်ရှင်များမှ နေအိမ်သို့ပြန်ရောက်ချိန် ဆိုင်ကယ်ကို မတွေ့သောကြောင့် ရဲစခန်းကို သွားရောက်တိုင်းကြားပြီး တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေရာ၌ ထိုအမျိုးသားကို အောင်ရပ် ရပ်ကွက်တွင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပါသည်။
ထိုနောက်တွင် ၎င်းခိုးယူထားသည့် ဆိုင်ကယ်ကိုလည်း သက်ဆိုင်ရာပိုင်ရှင်ထံ မြို့နယ်ရဲတပ်ဖွဲ့မှ ပြန်လည်အပ်နှံပေးခဲ့ပြီး ခိုးမှုကျူးလွန်ထားသည့် အမျိုးသားကိုလည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ