လန်လွယ်ကျေးရွာတွင် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ရာမှ ကလေးငယ် (၂)ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
မိုင်းငေါ့၊ နိုဝင်ဘာ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်၊ လန်လွယ်ကျေးရွာတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ ကလေးငယ် (၂)ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့ ညနေ (၃း၃၅)နာရီအချိန်၌ ထိုခရီးသည်တင်ယာဉ်သည် လန်လွယ်ကျေးရွာရောက်နေချိန် ကုန်းအတက်တွင် ကားမတက်နိုင်သောကြောင့် နောက်လိမ့်ပြီး ချောက်အတွင်းပြုတ်ကျသွားခဲ့သည်။

၎င်းကားသည် မိုးကုတ်မှ မူဆယ်သို့သွားမည့်ကားဖြစ်ပြီး ကားအတွင်းလိုက်ပါစီးနှင်းလာသည့် ခရီးသည် (၁၀)ဦးတို့မှ ကလေးငယ် (၂)ဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိပြီး အသက် (၆၄)နှစ်အရွယ် ဒေါ်အီပိန်ဆိုသူ၏ ဘယ်ဘက်ခြေထောက်တွင် ကျိုးသွားခဲ့သည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးပြီး ဒဏ်ရာရှိသွားသည့်သူများကိုလည်း ပြည်သူလူထုများ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၉)ရက်နေ့လည်း မိုင်းဝီးမြို့နယ်၊ ပန်ယုတ်ကျေးရွာအောက်ရှိလမ်းမကြီးတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ပွဲချင်းသေဆုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ